အချိုရည်ကိုအလွန်ကြိုက်သော်လည်း ဆီးချိုရောဂါကြောင့် မြေးဖြစ်သူက သောက်ခွင့်မပေးတာကြောင့် ကလေးတစ်ယောက်လို စိတ်ကောက်နေခဲ့သည့် အဖွားအို

သက်ကြီးရွယ်အိုတစ်ဦးကို ပြုစုစောင့်ရှောက်ရခြင်းသည် ကလေးထိန်းခြင်းနှင့် အတူတူပင်ဖြစ်သည်ဟု ပြောဆိုကြသောအသံကို ခဏခဏကြားဖူးလေ့ရှိကြပေလိမ့်မည်။အဖိုးအဖွားတို့၏ ကျန်းမာရေးအခြေအနေကြောင့် သူတို့လုပ်ချင်သည့်အရာ စားချင်သည့်အရာတို့ကို ခွင့်မပြုသည့်အခါတွင် လူငယ်ဖြစ်သူက ပိတ်ပင်ရခြင်းဖြစ်သည့်အတွက် တိုင်ပတ်နေတတ်ပါတယ်။

ယခုတွင်လည်း အဖွားဖြစ်သူကို အဖော်လုပ်ပေးနေသည့် မြေးလေးသည် အဖွားက အချိုရည်တွေကို အလွန်ကြိုက်နှစ်သက်မှန်း သိနေခဲ့သည်။သို့သော်လည်း ဆီးချိုရောဂါအခြေအနေလည်း ရှိနေတာကြောင့် အချိုရည်ဗူးကို သောက်ခွင့်မပေးဘဲ သိမ်းထားခဲ့ပါတယ်။

ထိုအခါ အဖွားအိုက အချိုရည်မသောက်ရသဖြင့် မြေးဖြစ်သူကို ကလေးတစ်ယောက်လို ပြန်လည် စိတ်ကောက်နေခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment