ဇနီးဖြစ်သူ၏ မွေးနေ့လေးတွင် များစွာသောလက်စွပ်တို့ကို ကိတ်မုန့်ထဲထည့်ပြီး အံ့အားသင့်သွားအောင်ပြုလုပ်ခဲ့သည့် အလွန်ချစ်တတ်သောခင်ပွန်းသည်

မွေးနေ့သို့မဟုတ် နှစ်ပတ်လည်အခမ်းအနားနေ့များတွင် လူတိုင်းသည် သူတို့ချစ်ရသော သူတွေအတွက် အကောင်းဆုံးလက်ဆောင်လေးတွေ ပေးအပ်ချင်ကြပါတယ်။လူများစွာတို့သည် ပင်ပန်းစွာရှာဖွေထားသောပိုက်ဆံလေးဖြင့် လက်ဆောင်ပေးတတ်ကြတာဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှ အမျိုးသားတစ်ဦးသည်လည်း သူအရမ်းချစ်ရသော ဇနီးသည်လေးအတွက် လက်စွပ်ပေါင်းများစွာကို မွေးနေ့ကိတ်လေးထဲတွင် ထည့်ခိုင်းပြီး ဇနီးသည်လေးအတွက် အံအားသင့်ပျော်ရွင်စေခဲ့ပါတယ်။

လက်စွပ်တွေကို ဆွဲကြိုးပုံစံပြုလုပ်ထားပြီး ကိတ်လုပ်သည့်ဆိုင်လေးတွင် သေချာစွာ ပြုလုပ်ခိုင်းထားခဲ့တာဖြစ်ပါတယ်။ဇနီးသည်လေးအတွက်ကတော့ ဘဝမှာမမေ့နိုင်စရာအမှတ်တရတစ်ခုကို အရမ်းချစ်တတ်သည့် ခင်ပွန်းကြောင့် ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment