တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ဇူကျိုးရှိ စာသင်ကျောင်းတစ်ခုတွင် အားကစားနေ့အထိမ်းအမှတ်ပွဲလေးကျင်းပခဲ့ပါတယ်။ပွဲလေးတွင် ကလေးများပျော်ရွင်စေရန်အတွက် မူကြိုကျောင်းသားလေးများကို မိဘများနှင့်အတူ ဂိမ်းကစားစေခဲ့တာဖြစ်ပါတယ်။
သို့သော် ကျောင်းသားလေးတစ်ဦး၏ မိဘများက အလုပ်မအားသဖြင့် မလာနိုင်သောအခါ သုံးတန်းကျောင်းသားအရွယ် အကိုဖြစ်သူက မိဘတွေကိုယ်စား ရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။ထို့နောက်ဂိမ်းကစားကြသောအခါ အခြားမိဘများက သူတို့ကလေးတွေကို အေးဆေးစွာပွေ့ချီနိုင်သော်လည်း သုံးတန်းကျောင်းသားလေးကတော့ ညီဖြစ်သူကို မနိုင်မနင်းဖြင့် ပွေ့ချီနေခဲ့ရပါတယ်။
သို့သော် ညီလေးအတွက် ပျော်ရွင်မှုတွေရရှိစေရန် အကိုဖြစ်သူကတော့ ကြိုးစားပေးနေခဲ့ပါတယ်။
Shoon (Cele Daily)
Zawgyi
မူကြိုကျောင်းတွင် မိဘများက သားသမီးများနှင့် ဆော့ရသောဂိမ်းတစ်ခုတွင် မိဘတွေမလာနိုင်တာကြောင့် အကိုဖြစ်သူက အစားထိုးသွားရောက်ပြီး ညီလေးကို ပျော်ရွင်စေခဲ့သည့်အဖြစ်
Shoon (Cele Daily)