အိုမင်းမစွမ်းသော်လည်း ထမင်းတစ်နပ်အတွက် တွန်းလှည်းလေးတွန်းပြီး ရေခဲမုန့်ရောင်းနေရရှာသည့် အသက်၈၉နှစ်အရွယ် အဖိုးအို

အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော အဖိုးအဖွားတို့ကို တစ်နေရာရာ၌ တွေ့ရှိခဲ့ပါက ကူညီပေးသင့်သော အသိစိတ်မျိုးကို လူငယ်တို့၏ နှလုံးသားထဲတွင် ကိန်းအောင်းနေရပေမည်။အချို့သောအဖိုးအဖွားတို့သည် အသက်အရွယ်အရ ဘယ်လိုမှ မစွမ်းသော်လည်း စားဝတ်နေရေးအတွက် အလုပ်လုပ်နေရဆဲဖြစ်ပါတယ်။

ယခုတွင်လည်း စင်္ကါပူနိုင်ငံမှ အသက်၈၉နှစ်အရွယ်ရှိနေပြီဖြစ်သော အဖိုးအိုသည် တွန်းလှည်းလေးကို မနိုင်မနင်းတွန်းကာ ရေခဲမုန့်ရောင်းနေရတာဖြစ်ပါတယ်။အဖိုးအို၏ ရေခဲမုန့်ရောင်းနေပုံကို မြင်တွေ့လိုက်ရသည်နှင့် ကုန်ခမ်းနေသော အားအင်းများကို စုစည်းပြီး ကြိုးစားပြီးရောင်းချနေရမှန်းကို ရိပ်မိနေခဲ့ရပါတယ်။

သို့သော်လည်း ထမင်းတစ်နပ်အတွက် အသက်ရှိနေစဥ်ကာလမှာတော့ ဝင်ငွေကို ဆက်လတ်ရှာဖွေနေရမှာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment