ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာပြိုင်ပွဲထက်ပင် ပိုလန်းနေတဲ့ အန်တီကြီးများ၏ သဘာဝပတ်ဝန်းကျင်ကပစ္စည်းတွေနှင့်အပြိုင်အဆိုင်ဖန်တီးကြသည့် ရိုးရာဖက်ရှင်ရှိုးပွဲလေး

ကမ္ဘာပေါ်တွင် နာမည်ကြီးလှသော ဖက်ရှင်အလန်းစားပြိုင်ပွဲကို လူတိုင်းကစိတ်ဝင်စားမှုဖြင့် စောင့်ကြည့်တတ်ကြပါတယ်။ယခုအခါမှာတော့ ဗီယက်နမ်နိုင်ငံ Nghe An ကျေးရွာလေးမှ နှစ်စဥ်ကျင်းပမြဲဖြစ်သော ရိုးရာဖက်ရှင်ရှိုးပွဲလေးလှ ဖန်တီးထားသော ဝတ်စုံဒီဇိုင်းတွေဟာ ကမ္ဘာကျော်ရှိုးပွဲထက်ပင် စိတ်ဝင်စားမှုပိုများနေခဲ့ခြင်းဖြစ်ပါတယ်။

ကျေးရွာအတွင်းမှ မည်သူမဆို ကိုယ်တိုင်ဖန်တီးထားသော ဖက်ရှင်ဝတ်စုံကို ဝတ်ဆင်ပြီး ရွာထဲတွင် ဖက်ရှင်ရှိုးလျှောက်ပြရမှာဖြစ်ပါတယ်။

ကျေးရွာ၏ပျော်ရွင်ဖွယ်အထိန်းအမှတ်ပွဲတော်လေးမှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်သင့်ကြောင်း ဖက်ရှင်အလန်းစားများဖြင့် ပြသရင်း လူတိုင်းပါဝင်ဆင်နွှဲကတာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment