ကင်ဆာရောဂါကြောင့် နေစရာအချိန်သိပ်မကျန်တော့မှန်း သိလိုက်ရသောအခါ လူသားတွေကိုအကျိုးပြုနိုင်ရန် ဆေးရုံတွင်စေတနာဝန်ထမ်းအနေဖြင့်အလုပ်လုပ်ပြီး လူနာတွေကိုစောင့်ရှောက်ခဲ့သည့် အမျိုးသမီး

မိမိနေထိုင်ရာကမ္ဘာကြီးကို တစ်ဖက်တစ်လှမ်းမှ အကျိုးပြုနိုင်သော ရတနာတစ်ပါးလေးဖြစ်အောင် ကြိုးစားသင့်ပေသည်။အသက်၄၇နှစ်အရွယ် Kimberly Faith Ngသည် ကင်ဆာရောဂါကို ၂၀၁၉ ခုနှစ်တွင် စတင်ခံစားခဲ့ရပြီး ကြိုးစားကာကုသမှုခံယူခဲ့သော်လည်း ရောဂါနောက်ဆုံးအဆင့်သို့ရောက်ရှိလာခဲ့ပါတယ်။

ထို့ကြောင့် သူမတွင် အချိန်သိပ်မကျန်တော့မှန်း သိလိုက်ရပြီး ကျန်ရှိနေသောဘဝအချိန်လေးကို သူတစ်ပါးအား အကူအညီပေးရန်ဆုံးဖြတ်ခဲ့ပါတယ်။ဆေးရုံတွင် စေတနာ့ဝန်ထမ်းအနေဖြင့် အလုပ်လုပ်ကိုင်ခဲ့ကာ လူနာများကို အချိန်ပြည့်စောင့်ရှောက်ပေး၍ ဂရုစိုက်ရင်းကုသိုလ်ယူခဲ့ပါတယ်။

ကိုယ်တိုင်ရောဂါခံစားနေရသော်လည်း သူတစ်ပါးအဆင်ပြေစေရန် ဂရုစိုက်ပေးနိုင်မှုဟာ အလွန်လေးစားဖွယ်ရာကောင်းနေခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi

ကင္ဆာေရာဂါေၾကာင့္ ေနစရာအခ်ိန္သိပ္မက်န္ေတာ့မွန္း သိလိုက္ရေသာအခါ လူသားေတြကိုအက်ိဳးျပဳႏိုင္ရန္ ေဆး႐ုံတြင္ေစတနာဝန္ထမ္းအေနျဖင့္အလုပ္လုပ္ၿပီး လူနာေတြကိုေစာင့္ေရွာက္ခဲ့သည့္ အမ်ိဳးသမီး

မိမိေနထိုင္ရာကမာၻႀကီးကို တစ္ဖက္တစ္လွမ္းမွ အက်ိဳးျပဳႏိုင္ေသာ ရတနာတစ္ပါးေလးျဖစ္ေအာင္ ႀကိဳးစားသင့္ေပသည္။အသက္၄၇ႏွစ္အ႐ြယ္ Kimberly Faith Ngသည္ ကင္ဆာေရာဂါကို ၂၀၁၉ ခုႏွစ္တြင္ စတင္ခံစားခဲ့ရၿပီး ႀကိဳးစားကာကုသမႈခံယူခဲ့ေသာ္လည္း ေရာဂါေနာက္ဆုံးအဆင့္သို႔ေရာက္ရွိလာခဲ့ပါတယ္။

ထို႔ေၾကာင့္ သူမတြင္ အခ်ိန္သိပ္မက်န္ေတာ့မွန္း သိလိုက္ရၿပီး က်န္ရွိေနေသာဘဝအခ်ိန္ေလးကို သူတစ္ပါးအား အကူအညီေပးရန္ဆုံးျဖတ္ခဲ့ပါတယ္။ေဆး႐ုံတြင္ ေစတနာ့ဝန္ထမ္းအေနျဖင့္ အလုပ္လုပ္ကိုင္ခဲ့ကာ လူနာမ်ားကို အခ်ိန္ျပည့္ေစာင့္ေရွာက္ေပး၍ ဂ႐ုစိုက္ရင္းကုသိုလ္ယူခဲ့ပါတယ္။

ကိုယ္တိုင္ေရာဂါခံစားေနရေသာ္လည္း သူတစ္ပါးအဆင္ေျပေစရန္ ဂ႐ုစိုက္ေပးႏိုင္မႈဟာ အလြန္ေလးစားဖြယ္ရာေကာင္းေနခဲ့ပါတယ္။

Shoon (Cele Daily)

  • Leave a Comment