သာမန်နှင့်မတူဘဲ ထူးခြားသည့် ပါရမီကြောင့် အသက်၆နှစ်အရွယ်မှာ မင်္ဂလာဆောင်တွင် သတိုးသမီးလေးတွေကို မိတ်ကပ်ပြင်ပေးနိုင်သည့်အထိပင် နာမည်ကြီးနေသည့် သမီးငယ်လေး

ကလေးတစ်ယောက်ကို အသက်ငယ်ရွယ်သေးသောကြောင့်ဟုဆိုကာ အထင်မသေးသင့်ပေ။ကလေးငယ်များတွင်လည်း ကမ္ဘာကြီးကို အမျိုးမျိုးဖြစ်အောင် ပြောင်းလဲနိုင်သော အစွမ်းအစများရှိနေတတ်ပါတယ်။

ယခုတွင်လည်း မလေးရှားနိုင်ငံမှ Kesya Ramadania Muhammad Shahezanလို့အမည်ရသည့် ကလေးငယ်လေးသည် အသက်၆နှစ်အရွယ်ဖြင့် နာမည်ကျော်မိတ်ကပ်ပညာရှင်ဖြစ်လာခဲ့သည်။သမီးလေးဟာ အသက်၃နှစ်အရွယ်တည်းက မိတ်ကပ်ပညာကို အလွန်စိတ်ဝင်စားနေသည့်အတွက် အသက်၅နှစ်အရွယ်အရောက်တွင် မိခင်ဖြစ်သူက မိတ်ကပ်ပညာကို သင်ကြားပေးခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့် အသက်၆နှစ်အရွယ်၌ပင် ထူးခြားသော ပါရမီအရည်အချင်းတို့ကြောင့် မင်္ဂလာပွဲများတွင် သတိုးသမီးလေးတို့က အလှပဆုံးပြင်ဆင်ပေးရန် ယုံကြည်စွာကမ်းလှမ်းမှုကို ရရှိနေခဲ့ပြီဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment