အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် အဝလွန်နေခဲ့တာကြောင့် မိဘများကပင် ကျန်းမာရေးထိခိုက်မှာစိုးရိမ်နေရသည့်အခြေအနေမှ လေ့ကျင့်ခန်းတွေကြိုးစားလုပ်ခဲ့ပြီး ကောင်မလေးတိုင်းကြိုက်ရသည့် လူငယ်လေးဖြစ်လာခဲ့

Vo Phuc Vinhဟုအမည်ရသည့်လူငယ်လေးဟာ ၂၀၀၂ ခုနှစ်တွင်မွေးဖွားခဲ့ပြီး အသက်၂၀အရွယ်သို့ရောက်ရှိနေပြီဖြစ်ကာ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် နေထိုင်လျက်ရှိပါတယ်။ကောင်လေးသည် အသက်၁၃နှစ်အရွယ်တည်းက အဝလွန်နေခဲ့ပြီး အတန်းဖော်သူငယ်ချင်းများ၏ စနောက်စရာ လူတစ်ယောက်ဖြစ်ခဲ့ရပါတယ်။

မိဘများကလည်း သာမန်ထက်ဝနေသောသားလေးကို ကျန်းမာရေးထိခိုက်မှာစိုးရိမ်ခဲ့ပါတယ်။ထို့ကြောင့် သားလေးက ipadလိုချင်နေမှန်းသိလိုက်ရသောအခါ ဝိတ်ချနိုင်မှဝယ်ပေးမည်ဟု ပြောဆိုလိုက်ပါတယ်။

ထိုအချိန်မှစကာ ကောင်လေးဟာ လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ဆောင်တတ်သောအကျင့်တစ်ခုကို ရရှိခဲ့ပြီး အသက်၂၀အရွယ်၌ပင် ကောင်မလေးတွေ၏ အသည်းစွဲချစ်ခင်ခြင်းကို ခံနေရသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment