မကြာသေးမီက တရုတ်အမျိုးသမီးတစ်ဦးဖြစ်သည့် Liu Xiaoliဟာ သန့်ရှင်းရေးအလုပ်သမားဘဝမှ ကိုယ်ပိုင်အိမ်နှင့်ကားတွေကို ပိုင်ဆိုင်လာခဲ့ပါတယ်။Liuဟာ ကျေးရွာတစ်ခုမှမွေးဖွားလာသူဖြစ်ပြီး တက္ကသိုလ်တက်ကာ ဘွဲ့ရပြီးချိန်တွင် ဝန်ထမ်းဘဝဖြင့် ဟီနန်ပြည်နယ်တွင်နေထိုင်ခဲ့ပါတယ်။
ထို့နောက် မိခင်ဖြစ်သူနေမကောင်းဖြစ်လာချိန်တွင် ဝင်ငွေမလောက်မငှဖြစ်လာသည့်အတွက် ရုံးအလုပ်မှထွက်ခဲ့ကာ အလုပ်ပြောင်းရန်ဆုံးဖြတ်ခဲ့ပါတယ်။နေအိမ်များတွင် သန့်ရှင်းရေးလုပ်ကာဝင်ငွေရှာရန် ရွှေးချယ်လုပ်ကိုင်ခဲ့ပြီး တစ်နေ့ကို နာရီပေါင်း၁၈နာရီအထိ လုံးဝမနားဘဲ အလုပ်ကြိုးစားခဲ့ပါတယ်။
၂နှစ်ကြာပြီးချိန်တွင် အိမ်ငယ်လေး၂လုံးအပြင် ကား၂စီးအထိပါ ဝယ်ယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
ဘွဲ့ရပညာတတ်ဖြစ်သော်လည်း ရုံးဝန်ထမ်းဘဝမှ အလုပ်ထွက်ပြီး အိမ်သန့်ရှင်းရေးအနေဖြင့်အလုပ်ပြောင်းလုပ်ခဲ့ရာမှ အိမ်၂လုံးနှင့်ကား၂စီးကို ဝယ်ယူနိုင်ခဲ့သည့် အမျိုးသမီး
Shoon (Cele Daily)