တစ်ခါတစ်ရံတွင် ဘဝ၏အိမ်မက်တွေကို အကောင်အထည်ဖော်နေရင်းက ဆိုးရွားလှသော ကံကြမ္မာအဖြစ်အပျက်တွေကို ကြုံတွေ့ရနိုင်ပါတယ်။အင်ဒိုနီးရှားနိုင်ငံမှ Baskoro Wicaksono Martowidjojoဆိုသည့်အမျိုးသားနှင့် Anggun Prisma Persadasariဆိုသည့်အမျိုးသမီးတို့ဟာ ဘဝတစ်ခုကို အတူတည်ဆောင်ရန် ရည်မှန်းထားကြပါတယ်။
သို့သော်လည်း ကောင်မလေးက အစာအိမ်သွေးယိုစိမ့်ခဲ့တာကြောင့် ကျန်းမာရေးအတော်လေးဆိုးရွားကာ နောက်ဆုံးအခြေအနေဖြစ်နေခဲ့ရပါတယ်။ထိုအချိန်တွင် အမျိုးသားဟာ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ရန် ဆေးရုံ၌ပင် ရောဂါခံစားနေရသောချစ်သူကောင်မလေးနှင့် လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။
လက်ထပ်ပြီး၉ရက်အကြာတွင် ကောင်မလေးဟာ သေဆုံးသွားခဲ့ရသည်ဟု ဝမ်းနည်းဖွယ်သိရှိလိုက်ရပါတယ်။
Shoon (Cele Daily)
Zawgyi
ကောင်မလေးက ကျန်းမာရေးဆိုးရွားလာခဲ့ပြီး ဘဝ၏နောက်ဆုံးအချိန်ကိုရောက်ရှိနေခဲ့သော်လည်း အိမ်မက်တွေကို ဆေးရုံပေါ်မှာ အကောင်အထည်ဖော်ခဲ့ကြသည့် စုံတွဲ၏ဝမ်းနည်းဖွယ်အဖြစ်
Shoon (Cele Daily)