ကျေးရွာများတွင် ဓလေ့ထုံးစံအရ ရွာသူရွာသား၊ဆွေမျိုးသားချင်းများက အချင်းချင်းစည်းလုံးညီညွတ်စေရန်အတွက် ရိုးရာပျော်ပွဲရွင်ပွဲများကို နှစ်စဥ်ကျင်းပလေ့ရှိကြပါတယ်။ဗီယက်နမ်နိုင်ငံသည်လည်း ရိုးရာယဥ်ကျေးမှုတွေကိုအလေးထားခြင်းကြောင့် ရွာ၏ပျော်ပွဲရွင်ပွဲတွင် အကအဖွဲ့များဖြင့် စည်ကားစေခဲ့ပါတယ်။
ထိုအချိန်တွင် အကအလွန်ဝါသနာပါသော အမျိုးသားကြီးတစ်ဦးဟာလည်း ရွာပွဲတွင် ဝင်ရောက်ကခုန်ချင်ခဲ့ပါတယ်။ထို့ကြောင့် တူမလေးတို့၏အကအဖွဲ့ထဲတွင် ဝင်ကချင်တာကြောင့် ဝတ်စုံတွေကို ယူဝတ်ပြီး စောင့်နေခဲ့တာဖြစ်ပါတယ်။
ဦးလေးဖြစ်သူ၏လုပ်ရက်ကို တူမလေးကိုယ်တိုင်က အွန်လိုင်းပေါ်တွင်ဝေမျှလာခဲ့ပြီး မိန်းကလေးအဝတ်အစားဖြင့်အမျိုးသားကြီး၏ပုံကြောင့် လူတိုင်း၏သဘောကျရယ်မောစရာဖြစ်နေခဲ့ပါတယ်။
Shoon (Cele Daily)
Zawgyi
ရွာ၏ရိုးရာဖျော်ဖြေပွဲတွင် အလွန်ဝင်ကချင်တာကြောင့် တူမလေး၏အဝတ်အစားတွေကို ယူဝတ်ပြီး ပွဲသွားရန်ကြိုးစားနေခဲ့သည့် အမျိုးသား၏အဖြစ်
Shoon (Cele Daily)