လူတိုင်းတွင် ကိုယ်ပိုင်မာနနှင့်အတ္တတို့ရှိတတ်ကြပါတယ်။မည်မျှပင်မာနကြီးနေသူဖြစ်နေပါစေ သားသမီးတို့နှင့် ပတ်သတ်လာခဲ့လျှင် အရာရာကိုခေါင်းငုံ့ခံထားပေးနိုင်ကြတာဟာ မိဘတို့၏ ကြီးမားလှသော မေတ္တာကြောင့်ပင်ဖြစ်ပါတယ်။
ယခုတွင်လည်း ဖခင်တစ်ဦးသည် နေမကောင်းဖြစ်နေသော သားငယ်လေးအတွက် အလုပ်များကိုလုပ်ကိုင်ပြီး ပိုက်ဆံရှာဖွေရန်လိုအပ်နေခဲ့ပါတယ်။ထို့ကြောင့် လမ်းဘေးတွင် အဆာပြေပေါင်မုန့်လေးတွေရောင်းချနေခဲ့ရပါတယ်။သားဖြစ်သူအတွက် ဆေးရုံစရိတ်လေးတွေကို အမြန်ဆုံးရရှိနိုင်ရန်အတွက် လမ်းသွားလမ်းလာလူအများကို လက်အုပ်ချီတောင်းပန်ပြီး မုန့်လေးတွေကို ဝယ်ယူအားပေးရန်တောင်းဆိုနေခဲ့တာဖြစ်ပါတယ်။
ဖခင်တစ်ယောက်အနေဖြင့် မိမိထက်အသက်ငယ်သူများကိုပင် လက်အုပ်ချီတောင်းပန်ရင်းသားလေးအတွက်ကြိုးစားနေခဲ့ပါတယ်။
Shoon (Cele Daily)
Zawgyi
နေမကောင်းဖြစ်နေသည့် သားလေးအတွက်ဆေးရုံစရိတ်ရရှိစေရန် လမ်းဘေးတွင်ဈေးရောင်းနေရပြီး လမ်းသွားလမ်းလာလူများကို ဝယ်ယူအားပေးရန် လက်အုပ်ချီပြီးတောင်းပန်နေရှာသည့် အမျိုးသား
Shoon (Cele Daily)