သာမန်လူသားတစ်ယောက်လို မွေးဖွားလာခဲ့ခြင်းမရှိပေမယ့် ရရှိလာသည့်ဘဝလေးမှာဘဲ ကျေနပ်စွာဖြင့် ချစ်သူနှစ်ဦးသားပျော်ရွင်စွာဖြင့် ဘဝတစ်ခုကိုတည်ထောင်ပြီး လူတိုင်းအားကျရသည့်ဘဝလေးကို ပိုင်ဆိုင်ခဲ့သည့် စုံတွဲ

လူတိုင်းသည် မွေးဖွားလာသော အခြေအနေတွင် ရုပ်ပိုင်းဆိုင်ရာနှင့်ပတ်သတ်ပြီး ရွှေးချယ်ခွင့်မရှိသော်လည်း ဘဝတစ်ခုကို ပျော်ရွင်စွာဖြတ်သန်းနိုင်ရန် ကြိုးစားဆောင်ရွက်နိုင်ခွင့်ရှိပေသည်။

ဗီယက်နမ်နိုင်ငံ Binh Duongမြို့တွင်နေထိုင်သော အသက်၃၃နှစ်အရွယ် Mr.Thien Hai နှင့်အသက်၃၅နှစ်အရွယ် Ms.Thach Lapတို့စုံတွဲနှစ်ဦးသည် သာမန်လူသားတွေလို ခန္ဓာကိုယ် ဖွံ့ဖြိုးမှုမရှိခဲ့ကြပေ။အမျိုးသားဟာ အရပ်၃ပေ၁၁လက်မအထိသာရှိပြီး အမျိုးသမီးကတော့ ၃ပေ၉လက်မသာရှိကြတာဖြစ်ပါတယ်။

သို့သော်လည်း သူတို့စုံတွဲနှစ်ဦးသည် ဘဝမှာအားငယ်ခြင်းမရှိဘဲ လက်တွဲကာရှေ့ဆက်ခဲ့ကြပြီး နှစ်ဖက်မိဘများနှင့်အတူ ပျော်ရွင်ဖွယ်မင်္ဂလာပွဲလေးကို ကျင်းပခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi

သာမန္လူသားတစ္ေယာက္လို ေမြးဖြားလာခဲ့ျခင္းမရွိေပမယ့္ ရရွိလာသည့္ဘဝေလးမွာဘဲ ေက်နပ္စြာျဖင့္ ခ်စ္သူႏွစ္ဦးသားေပ်ာ္႐ြင္စြာျဖင့္ ဘဝတစ္ခုကိုတည္ေထာင္ၿပီး လူတိုင္းအားက်ရသည့္ဘဝေလးကို ပိုင္ဆိုင္ခဲ့သည့္ စုံတြဲ

လူတိုင္းသည္ ေမြးဖြားလာေသာ အေျခအေနတြင္ ႐ုပ္ပိုင္းဆိုင္ရာႏွင့္ပတ္သတ္ၿပီး ေ႐ႊးခ်ယ္ခြင့္မရွိေသာ္လည္း ဘဝတစ္ခုကို ေပ်ာ္႐ြင္စြာျဖတ္သန္းႏိုင္ရန္ ႀကိဳးစားေဆာင္႐ြက္ႏိုင္ခြင့္ရွိေပသည္။

ဗီယက္နမ္ႏိုင္ငံ Binh Duongၿမိဳ႕တြင္ေနထိုင္ေသာ အသက္၃၃ႏွစ္အ႐ြယ္ Mr.Thien Hai ႏွင့္အသက္၃၅ႏွစ္အ႐ြယ္ Ms.Thach Lapတို႔စုံတြဲႏွစ္ဦးသည္ သာမန္လူသားေတြလို ခႏၶာကိုယ္ ဖြံ႕ၿဖိဳးမႈမရွိခဲ့ၾကေပ။အမ်ိဳးသားဟာ အရပ္၃ေပ၁၁လက္မအထိသာရွိၿပီး အမ်ိဳးသမီးကေတာ့ ၃ေပ၉လက္မသာရွိၾကတာျဖစ္ပါတယ္။

သို႔ေသာ္လည္း သူတို႔စုံတြဲႏွစ္ဦးသည္ ဘဝမွာအားငယ္ျခင္းမရွိဘဲ လက္တြဲကာေရွ႕ဆက္ခဲ့ၾကၿပီး ႏွစ္ဖက္မိဘမ်ားႏွင့္အတူ ေပ်ာ္႐ြင္ဖြယ္မဂၤလာပြဲေလးကို က်င္းပခဲ့တာျဖစ္ပါတယ္။

Shoon (Cele Daily)

  • Leave a Comment