အသားစွပ်ပြုတ်တစ်ပွဲကို မှာယူခဲ့ရာမှ ဟင်းရည်ထဲတွင် ပန်းကန်ဆေးသည့်အစိမ်းစကြီး ပါလာခဲ့တာကြောင့် တစ်ခါတည်းအန်ချမိခဲ့သည့် စျေးဝယ်သူ၏အဖြစ်

စားသောက်ဆိုင်တစ်ခုတွင် သန့်ရှင်းလတ်ဆတ်မှုသည်အရေးကြီးဆုံးသောအရာပင်ဖြစ်ပါတယ်။သန့်ရှင်းသပ်ရပ်မှုကိုဦးစားပေးသော စားသောက်ဆိုင်များသည် အောင်မြင်မှုလမ်းကြောင်းပေါ်သို့ ရေရှည်ရပ်တည်နိုင်မှာဖြစ်ပါတယ်။

ယခုအခါမှာတော့ ထိုင်းနိုင်ငံမှာ လူတစ်ဦးသည် စားသောက်ဆိုင်တစ်ခုမှာ သွားရောက်စားသောက်ရင်းမှ မထင်မှတ်ထားသည့်ရွံ့စရာတစ်ခုကိုကြုံခဲ့ရပါတော့တယ်။မှာထားသောဟင်းပွဲများထဲမှ စွပ်ပြုတ်ဟင်းရည်၏ပန်းကန်ထဲတွင် ပန်းကန်ဆေးရာ၌အသုံးပြုသော အစိမ်းရောင်အဝတ်ကြမ်းစကို တွေ့လိုက်ရတာဖြစ်ပါတယ်။

ပန်းကန်ဆေးသည့်အစိမ်းဖတ်ကို ထည့်ချက်ထားသော ဟင်းရည်တစ်ပွဲကို တွေးကြည့်လိုက်သည်နှင့်ပင် အလွန်စိတ်ပျက်စရာကောင်းလှပြီး ကိုယ်တိုင်ကြုံတွေ့သူကတော့ အန်ချမိသည်အထိပင်ဖြစ်ခဲ့ရပါတယ်။

Shoon (Cele Daily)

Zawgyi

အသားစွပ်ပြုတ်တစ်ပွဲကို မှာယူခဲ့ရာမှ ဟင်းရည်ထဲတွင် ပန်းကန်ဆေးသည့်အစိမ်းစကြီး ပါလာခဲ့တာကြောင့် တစ်ခါတည်းအန်ချမိခဲ့သည့် ဈေးဝယ်သူ၏အဖြစ်




Shoon (Cele Daily)

  • Leave a Comment