မင်္ဂလာဆောင်မှာ ဘော်ဒါသူငယ်ချင်းများအားလုံးက ပိုက်ဆံတွေစုပြီး နောက်ဆုံးပေါ်အိုင်ဖုန်း၁၄ကြီးကို လက်ဖွဲ့ပေးခဲ့တာကြောင့် ဝမ်းသားမဆုံးဖြစ်နေရှာသည့် သတိုးသား

မင်္ဂလာပွဲလေးဟာ ချစ်သူနှစ်ဦး၏ ဘဝတွင်တစ်ကြိမ်သာကျင်းပခွင့်ရသော အခမ်းနားဆုံးပွဲလေးတစ်ခုဖြစ်ပါတယ်။ထို့ကြောင့် မင်္ဂလာပွဲတွင် မိတ်ဆွေသူငယ်ချင်းများ၏ လာရောက်ဂုဏ်ပြုမှုကို မျှော်လင့်နေတတ်ကြတာဖြစ်ပါတယ်။

မင်္ဂလာပွဲအတွက် လက်ဆောင်ပစ္စည်းတွေကို မမျှော်လင့်ဘဲ သူငယ်ချင်းများ၏ဂုဏ်ပြုမှုဖြင့် ပျော်ရွင်စွာအခမ်းအနားလေးကို ဖြတ်သန်းလိုကြတာဖြစ်ပါတယ်။သို့သော် လက်ဖွဲ့ကောင်းကောင်းလေးရခဲ့လျှင်တော့ပိုပြီးပျော်ရွှင်ကြမှာဖြစ်ပါတယ်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင်ကျင်းပခဲ့သောမင်္ဂလာပွဲတွင် သတိုးသား၏သူငယ်ချင်းများက ပိုက်ဆံစုပြီး iphone14ဖြင့် လက်ဖွဲ့ပေးခဲ့သောအခါ သတိုးသားအတွက် ကြည်နူးမဆုံး ပျော်ရွင်နေခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment