ကမ္ဘာပေါ်ရှိလူသားတိုင်းသည့် အိပ်ရာတွင်တွင်ဇိမ်ကျကျအိပ်နေရတာကိုမက်မောကြတာပင်ဖြစ်ပါတယ်။သို့သော်လည်း အချို့သောလူများသည် အိပ်ပျော်သွားပြီဆိုတာနဲ့ ဘာတစ်ခုမှ မသိတော့ဘဲ အနားတွင်အော်ဟစ်နေသော်လည်း လုံးဝမကြားရသည့်အခိုက်အတန့်မျိုးကို ကြုံတွေ့ဖူးပေလိမ့်မည်။
ယခုတွင်လည်း မိတ်ကပ်ဆရာမတစ်ဦးဟာ မင်္ဂလာဆောင်တွင် သတိုးသမီးကို မိတ်ကပ်လိမ်းရန်ငှားထားသည့်အတွက် မနက်စောစောထပြီး သွားခဲ့ပါတယ်။မင်္ဂလာဆောင်အိမ်ရောက်သောအခါ သတိုးသမီးက အိပ်ရာကမထသေးဘဲ ဖုန်းဆက်နှိုးသော်လည်း မနှိုးသည့်အပြင် အခန်းတံခါးခေါက်ပြီးနှိုးသော်လည်း လုံးဝမထလာခဲ့တာဖြစ်ပါတယ်။
ထို့ကြောင့် ပြတင်းပေါက်မှတစ်ဆင့် ဝါးလုံးဖြင့် သတိုးသမီးကိုထိုးပြီး အိပ်ရာမှမထ ထအောင် နှိုးယူခဲ့ရတာဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
ကိုယ်တိုင်မင်္ဂလာဆောင်ရမည့်နေမှာပင် စောစောမထဘဲအပျင်းထူပြီးအိပ်နေသေးသည့် သတိုးသမီးကို ဘယ်လိုမှနှိုးလို့မရတာကြောင့် ပြတင်းပေါက်မှ ဝါးလုံးဖြင့်ထိုးပြီးနှိုးခဲ့ရသည့် မိတ်ကပ်ဆရာမ၏အဖြစ်
Shoon (Cele Daily)