သားနှစ်ယောက်လုံးကို ဆုံးရှုံးခဲ့ရသော မြစ်ချောင်းထဲတွင် အမှိုက်ကောက်ပြီး ဘဝရှင်သန်ရေးအတွက် ကြိုးစားရုန်းကန်နေရရှာသည့် အသက်၈၀အရွယ်အဖွားအို

အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော်လည်း အရွယ်နှင့်မလိုက်အောင် ရုန်းကန်နေရရှာသော အဖွားအိုတစ်ဦးကို မြင်တွေ့လိုက်ရခြင်းဟာ အတော်လေးကို စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ဗီယက်နမ်နိုင်ငံတွင် မစ္စနွိုင်းဆိုသည့်အသက်၈၀အရွယ်အဖွားအိုဟာ ငယ်စဥ်တည်းက ကျောင်းမနေခဲ့ရဘဲ မိဘများနှင့်အတူ မြစ်ထဲတွင်ငါးဖမ်းရင်းအသက်ရှင်ခဲ့ရပါတယ်။

အဖွားအိုဟာ ဘဝတစ်ခုလုံးကို မြစ်ထဲမျာဘဲ ကျင်လည်ခဲ့ရပြီး သား၃ယောက်မွေးဖွားခဲ့ပြီး သားနှစ်ယောက်ဟာ မြစ်ရေထဲမတော်တဆကျသွားခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။မြစ်ရေတွင်အရင်က ငါးတွေပေါများခဲ့သော်လည်း လူတို့၏ညစ်ပတ်မှုတွေကြောင့် ငါးများမျိုးတုန်းခဲ့ရပြီး အမှိုက်များသာရှိနေခဲ့ရပါတော့တယ်။

ထိုအခါ အဖွားဟာ မြစ်ထဲမှ ပလပ်စတစ်အခွံတွေကို လိုက်လံဆယ်ယူပြီး အသက်မွေးရန်ဖြစ်လာခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment