မိခင်ဖြစ်သူ၏မွေးနေ့တွင် ပျော်ရွင်သွားအောင် ပထမဆုံးအကြိမ် မွေးနေ့ကိတ်လေးလုပ်ပေးခဲ့ရာမှ မိခင်ဖြစ်သူက အပျော်လွန်ပြီး အရူးတစ်ယောက်လို ငိုကျွေးနေခဲ့သည့်အဖြစ်

လူတိုင်းသည် မိမိကိုအသိအမှတ်ပြုပေးသူတစ်ယောက်ယောက်သာ ရှိနေခဲ့မည်ဆိုပါက အရာရာကို ပျော်ရွင်ချမ်းမြေ့စွာဖြတ်သန်းသွားနိုင်မှာဖြစ်ပါတယ်။ယခုတွင်လည်း Nai Duyenဆိုသည့် ကောင်မလေးဟာ သူမ၏မိခင်ဖြစ်သူအတွက် မွေးနေ့ပွဲလေးကို ကျင်းပပေးခဲ့ပါတယ်။

ဘဝမှမွေးနေ့ကိတ်ဆိုတာ ဘာမှန်းမသိခဲ့သည့် မိခင်ဖြစ်သူကို ပထမဆုံးအကြိမ်လုပ်ပေးပြီး ပျော်ရွင်စေချင်ခဲ့တာဖြစ်ပါတယ်။ထို့နောက် မိခင်ဖြစ်သူဟာ သမီးလေးက အသိအမှတ်ပြုလုပ်ပေးသည့် မွေးနေ့ကိတ်လေးကို မြင်လိုက်ရသည်နှင့် ခံစားချက်တွေကို မထိန်းနိုင်တော့ဘဲ အရူးတစ်ယောက်လို ငိုကျွေးနေခဲ့တော့တာဖြစ်ပါတယ်။

အရမ်းချစ်ရသည့်သမီးငယ်လေး၏ သတိရစွာပြုလုပ်ပေးခဲ့သော မွေးနေ့ကိတ်လေးဟာ မိခင်၏ဘဝအတွက် ဘယ်အရာနှင့်မှ တန်ဖိုးဖြတ်နိုင်လိမ့်မည်မဟုတ်ပေ။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment