ယခုအကြောင်းအရာလေးကတော့ အွန်လိုင်းပေါ်တွင် မြင်တွေ့လိုက်ရသူတိုင်းက ဒေါသထွက်ရသည်အထိပင်ဖြစ်သွားခဲ့ပါတယ်။အမျိုးသမီးဟာ သြစတေးလျနိုင်ငံမှ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ သွားမည့်လေယာဥ်လက်မှတ်ကို ဝယ်ယူခဲ့တာဖြစ်ပါတယ်။
သူမဟာ မသန်စွမ်းသူဖြစ်သည့်အတွက် လေဆိပ်ထိကို ဝီးချဲလ်ဖြင့်လာရောက်ခဲ့ပြီး လေယာဥ်ကွင်းထဲဝင်ချိန်မှာတော့ တာဝန်ရှိသူများက ဝီးချဲလ်ကို ယူဆောင်ခွင့်မရှိကြောင်း ပြောတာတားမြစ်ခဲ့ပါတယ်။ထို့အပြင် မသန်စွမ်းသူတစ်ယောက်ကို လေယာဥ်ပေါ်တက်ရန်လည်း ကူညီပေးခြင်းမရှိသည့်အတွက် အမျိုးသမီးဟာ လေယာဥ်ပေါ်ကို တွားသွားပြီး တက်ခဲ့ရသေးတာဖြစ်ပါတယ်။
ဝေဖန်မှုတွေ မြင့်တက်လာချိန်မှာတော့ လေကြောင်းလိုင်းဟာ အမျိုးသမီးကို တရားဝင်တောင်းပန်ခဲ့တယ်ဟုသိရပါတယ်။
Shoon (Cele Daily)
Zawgyi
အောက်ပိုင်းမသန်စွမ်း၍လမ်းမလျှောက်နိုင်သော်လည်း ကူညီပေးမည့်သူမရှိတာကြောင့် တွားသွားပြီး လေယာဉ်ပေါ်တက်ခဲ့ရသည့် အမျိုးသမီး၏အဖြစ်
Shoon (Cele Daily)