သားသမီးကလေးငယ်တို့သည် မိဘတို့ထံမှ လိုချင်တာတောင်းယူပြီး မရသည့်အခါမျိုးတွင် ကြမ်းပြင်ပေါ်တွင် အိပ်ချကာ လိုချင်တာမရမချင်း မထတော့ဘဲ ဆန္ဒပြတတ်တာကို လူတိုင်းသိကြပေလိမ့်မည်။
မကြာသေးမီက တရုတ်နိုင်ငံ ကွမ်ရှီပြည်နယ် နန်နင်းမြို့တွင် လူငယ်လေးတစ်ဦးဟာ လက်ဆောင်ပန်းစီးတို့ဖြင့် ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ကောင်မလေးကတော့ အမျိုးသားက ဒူးထောက်ပြီးလက်ထပ်ခွင့်တောင်းတာကို ဘာစကားတစ်ခွန်းမှပြန်မပြောဘဲ တိတ်ဆိတ်စွာရပ်ကြည့်နေခဲ့ပါတယ်။
ထိုအခါ အမျိုးသားက လက်ထပ်ခွင့်တောင်းတာကိုလက်ခံပေးရန်အတွက် ကြမ်းပြင်ပေါ်အိပ်ချပြီး အဖြေပေးမှ ပြန်ထမည့်ပုံစံဖြင့် ကလေးလိုပြုမူပြခဲ့ပါတယ်။ကောင်မလေးကတော့ အမျိုးသား၏အပြုအမူကို ကြည့်နေရင်းမှ ဘာစကားတစ်ခွန်းမှမပြောဘဲ အဝေးကိုထွက်သွားခဲ့ပါတယ်။
Shoon (Cele Daily)
Zawgyi
ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းရာတွင် အဖြေပြန်မရတာကြောင့် ကြမ်းပြင်ပေါ်အိပ်ချပြီး ကလေးတစ်ယောက်လို စိတ်ကောက်ပြနေသည့်အမျိုးသား
Shoon (Cele Daily)