ဖြတ်ထိုးညဏ်ကောင်းသူများသည် စာတစ်ပုဒ်ကို အလွတ်ကျက်မှတ်ရန်မကြိုးစားဘဲ နားလည်သဘောပေါက်ရန်သာလေ့လာမှတ်သားထားတတ်ကြပါတယ်။တစ်ခါတစ်ရံတွင် လက်တွေ့လုပ်ဆောင်ရ လွယ်ကူသောအခြေအနေကို စာဖြင့်ရေးကျက်ရသောအခါ မျက်လုံးထဲတွင်မြင်နေသော်လည်း ရေးသားပုံဖော်နိုင်ရန် ခက်ခဲနေတတ်ကြပါတယ်။
ယခုတွင်လည်း ထိုင်းနိုင်ငံမှ ကျောင်းသားလေးများသည် အနုပညာဘာသာရပ်မှ အကကွက်အကြောင်းကို ရေးသားဖြေဆိုရပါတယ်။ထိုအခါ ကရာတွင်လွယ်ကူသော်လည်း စာဖြင့်ချရေးရသောအခါတွင် အတော်လေးခက်ခဲနေတာကြောင့် စာမေးပွဲဖြေဆိုနေသော ကျောင်းသူကျောင်းသားများဟာ စာပွဲခုံပေါ်ထိုင်နေရင်းမှ လက်ချိုးကာ ကကြည့်ရင်းဖြင့် စာချရေးနိုင်အောင် ပုံဖော်နေရပါတယ်။
ထိုအဖြစ်ကို ဆရာမဖြစ်သူက အလွန်သဘောကျနေခဲ့ပြီး ပုံလေးတွေရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
အနုပညာဘာသာကို စာရေးပြီး စာမေးပွဲဖြေရသောအခါ စားချရေးနိုင်ရန်အတွက် အခန်းထဲတွင် စဉ်းစားပြီးကကြည့်နေသည့်တပည့်များ၏ပုံစံကို အလွန်သဘောကျနေခဲ့သည့် ဆရာမ
Shoon (Cele Daily)