အလုပ်ထုတ်ခံထားရသည့်အပြင် ၂လအရွယ်သားလေးအတွက် နို့မှုန့်ဝယ်တိုက်စရာပိုက်ဆံပင်မရှိသော်လည်း ကောက်တွေ့ခဲ့သည့်ပိုက်ဆံအိတ်ကိုလုံးဝမယူဘဲ ပိုင်ရှင်ကိုပြန်ပေးခဲ့သည့် လေးစားဖွယ်လူငယ်တစ်ဦး

မည်မျှပင် ဆင်းရဲခက်ခဲပြီး ဘဝ၏အောက်ခြေသို့ရောက်ရှိနေပါစေ စိတ်ဓာတ်ကိုတော့ အောက်တန်းမကျအောင့် ကျင့်ကြံ့နေထိုင်တတ်ရန် လူကြီးသူမများက ဆုံးမလေ့ရှိကြပါတယ်။ဆင်းရဲ့သူတစ်ဦးသည် ကိုယ်ပိုင်ကြိုးစားမှုဖြင့် အောင်မြင်လာနိုင်သော်လည်း စိတ်ထားမကောင်းသူများအတွက် လောကတွင်နေရာတစ်ခုကို ကြာရှည်စွာ ရရှိနိုင်လိမ့်မည်မဟုတ်ပေ။

ယခုတွင်လည်း အသက်၁၇နှစ်အရွယ်သာရှိသေးလူငယ်လေးဟာ ဇနီးနှင့်၂လအရွယ်သားတစ်ယောက်ရှိကာ အလုပ်ထုတ်ခံခဲ့ရတာကြောင့် အတော်လေးအခက်တွေ့နေခဲ့သူဖြစ်ပါတယ်။

သားအတွက် နို့မုန့်ဝယ်တိုက်စရာ ပိုက်ဆံတစ်ပြားမှမရှိသည့်အချိန်မှာ ဘတ်ငွေ၁၂၀၀၀ပါသည့်ပိုက်ဆံအိတ်ကို ကောက်ရခဲ့သော်လည်း ယူဆောင်ခြင်းမရှိဘဲ ပိုင်ရှင်ကိုပြန်ပေးနိုင်အောင်ကြိုးစားခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment