အားလုံးက အိပ်စက်အနားယူနေသော်လည်း လုံးဝအိပ်စက်ခြင်းမရှိဘဲ မွေးကင်းစမြေးလေးကို တစ်ညလုံးဂရုစိုက်ပေးနေသည့် အဖိုးတစ်ယောက်၏ချစ်ခြင်းမေတ္တာ

ကမ္ဘာပေါ်တွင် အချစ်တတ်ဆုံး ယောကျာ်းလေးများသည် ဖခင်တို့သာဖြစ်ကြပါတယ်။ထို့အတူပင် အဖိုးအဖွားတို့သည် အရွယ်အိုမင်းလာချိန်တွင် မြေးလေးတွေကိုချီပိုးပြီး ကလေးထိန်းချင်ကြပါတယ်။ထို့ကြောင့်လည်း အဖိုးဖြစ်သူတို့သည် မြေးလေးတွေကို တယုတယချစ်ခင်နေကြရခြင်းဖြစ်ပါတယ်။

ယခုတွင်လည်း အွန်လိုင်းပေါ်တွင် ပျံနှံလာသော အကြောင်းအရာများအရ ချွေးမဖြစ်သူက ကလေးမီးဖွားချိန်တွင် ဆေးရုံစောင့်နိုင်အောင် မိသားစုဝင်တွေက လိုက်သွားခဲ့ကြပါတယ်။သို့သော်လည်း မိသားစုဝင်တွေအားလုံးက ပင်ပန်းပြီး အိပ်စက်အနားယူနေကြသော်လည်း အဖိုးဖြစ်သူကတော့ မိုးလင်းသည်အထိ အိပ်က်ခြင်းမရှိတာကို တွေ့ခဲ့ရပါတယ်။

ညအချိန်တွင် မွေးကင်းစမြေးလေး နို့ဆာနေမှာစိုးရိမ်လို့ နို့ဗူးလေးဖြင့် သေချာစွာတိုက်ကျွေးရင်း ချီပိုးကာ ဂရုစိုက်နေခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi

အားလုံးက အိပ္စက္အနားယူေနေသာ္လည္း လုံးဝအိပ္စက္ျခင္းမရွိဘဲ ေမြးကင္းစေျမးေလးကို တစ္ညလုံးဂ႐ုစိုက္ေပးေနသည့္ အဖိုးတစ္ေယာက္၏ခ်စ္ျခင္းေမတၱာ

ကမာၻေပၚတြင္ အခ်စ္တတ္ဆုံး ေယာက်ာ္းေလးမ်ားသည္ ဖခင္တို႔သာျဖစ္ၾကပါတယ္။ထို႔အတူပင္ အဖိုးအဖြားတို႔သည္ အ႐ြယ္အိုမင္းလာခ်ိန္တြင္ ေျမးေလးေတြကိုခ်ီပိုးၿပီး ကေလးထိန္းခ်င္ၾကပါတယ္။ထို႔ေၾကာင့္လည္း အဖိုးျဖစ္သူတို႔သည္ ေျမးေလးေတြကို တယုတယခ်စ္ခင္ေနၾကရျခင္းျဖစ္ပါတယ္။

ယခုတြင္လည္း အြန္လိုင္းေပၚတြင္ ပ်ံႏွံလာေသာ အေၾကာင္းအရာမ်ားအရ ေခြၽးမျဖစ္သူက ကေလးမီးဖြားခ်ိန္တြင္ ေဆး႐ုံေစာင့္ႏိုင္ေအာင္ မိသားစုဝင္ေတြက လိုက္သြားခဲ့ၾကပါတယ္။သို႔ေသာ္လည္း မိသားစုဝင္ေတြအားလုံးက ပင္ပန္းၿပီး အိပ္စက္အနားယူေနၾကေသာ္လည္း အဖိုးျဖစ္သူကေတာ့ မိုးလင္းသည္အထိ အိပ္က္ျခင္းမရွိတာကို ေတြ႕ခဲ့ရပါတယ္။

ညအခ်ိန္တြင္ ေမြးကင္းစေျမးေလး ႏို႔ဆာေနမွာစိုးရိမ္လို႔ ႏို႔ဗူးေလးျဖင့္ ေသခ်ာစြာတိုက္ေကြၽးရင္း ခ်ီပိုးကာ ဂ႐ုစိုက္ေနခဲ့ပါတယ္။

Shoon (Cele Daily)

  • Leave a Comment