သားသမီးကလေးငယ်တို့သည် မိဘနှစ်ပါးလုံ၏ စောင့်ရှောက်မှုနှင့် ကြီးပြင်းလာမှသာလျှင် နှလုံးရည်ပြည့်ဝသည့် သားကောင်ရတနာလေးတစ်ပါးအဖြစ် မြင်တွေ့နိုင်မှာဖြစ်ပါတယ်။သားသမီးတို့သည် ဖခင်၏ကာကွယ်စောင့်ရှောက်ပေးမှု မိခင်၏အရိပ်အောက်မှာ ပျော်ရွင်စွာလူလားမြောက်လာချင်ကြတာဘဲဖြစ်ပါတယ်။
ယခုတွင်လည်း ကလေးငယ်တစ်ဦး၏ ဖခင်ဟာ အသက်၃၅နှစ်အရွယ်မှာဘဲ ကားမတော်တဆဖြစ်ပြီး ဆုံးပါးသွားခဲ့ပါတယ်။ထိုအခါ သားငယ်လေးက ဖခင်ဖြစ်သူကို နေ့စဥ်နှင့်အမျှ လွမ်းဆွတ်သတိရနေခဲ့တာဖြစ်ပါတယ်။သားဖြစ်သူ၏ မျက်နှာမကောင်းပုံကို သတိထားမိသည့် မိခင်က အခန်းထဲတွင် ကင်မရာတပ်ပြီး စောင့်ကြည့်လိုက်ချိန်မှာတော့ စိတ်မကောင်းဖွယ်မြင်ကွင်းလေးကို တွေ့ခဲ့ရပါတယ်။
သားဖြစ်သူဟာ ဖခင်၏ဓာတ်ပုံကိုကြည့်ကာ လွမ်းဆွတ်တသသ သတိရနေခဲ့ပြီး ဓာတ်ပုံလေးကို ရင်ဘတ်ထဲ၌ဖတ်ထားပြီး စိတ်မကောင်းကြီးစွာ အိပ်နေခဲ့ပါတယ်။
Shoon (Cele Daily)
Zawgyi
ညရောက်သည့်အခါတိုင်း သေဆုံးသွားသည့်ဖခင်၏ဓာတ်ပုံလေးကို တစိမ့်စိမ့်ကြည့်ကာ အလွမ်းဖြေရင်း ဓာတ်ပုံလေးကို ရင်ဘတ်ထဲထည့်ပြီး အိပ်စက်နေခဲ့သည့် သားငယ်လေး
Shoon (Cele Daily)