ဘဝတွင်အနိမ့်ကျဆုံးနှင့် အဆိုးရွားဆုံးသော အခြေအနေတို့ဖြင့် ကြုံတွေ့နေရသူများကို မြင်တွေ့ရလျှင် လောကကြီး၏ မတရားမှုတွေကို အပြစ်ပုံချကာ ဒေါသထွက်မိပေသည်။ချမ်းသာကြွယ်ဝသူများအတွက် အခက်အခဲဆိုတာ ဘာမှန်းမသိရသည့်အချိန်တွင် အချို့ဘဝများကတော့ သောက်စရာရေတစ်ခွက်ကိုပင် လိုက်ရှာ၍မရနိုင့အောင် ခက်ခဲနေကြရသည်။
ယခုတွင်လည်း ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် မဲဆောက်မြို့နယ် အမှတ်၁၁ ဘန်မဲဖေးနွဲ့ကျေးရွာတွင် နေထိုင်သော အဖိုးနှင့်အဖွားတို့မိသားစု၏ နေအိမ်လေးဟာ မြင်သူတိုင်းကို အံ့အားသင့်စေခဲ့ရပါတယ်။သားဖြစ်သူကလည်း သန်စွမ်းခြင်းမရှိသည့်အခါ မြေးလေးတွေဖြင့် လဲကျတော့မည် တဲအိမ်လေးမှာ အဆင်ပြေသလိုနေထိုင်ကြရတာဖြစ်ပါတယ်။
အဖိုးနှင့်အဖွားတို့၏ဘဝကို စာနာမိသူတစ်ဦးက အကူအညီပေးနိုင်ရန် လိုင်းပေါ်မှတစ်ဆင့် ဝေမျှလာခဲ့ပါတယ်။
Shoon (Cele Daily)
Zawgyi
မသန်းစွမ်းသော သားဖြစ်သူနှင့်အတူ လဲကျတော့မည်နေအိမ်လေးမှာနေထိုင်ပြီး အသက်ရှင်သန်နိုင်အောင် ကြိုးစားရုန်းကန်နေရသည့် အဖွားနှင့်အဖိုးအိုတို့နှစ်ဦး၏ သနားစရာဘဝ
Shoon (Cele Daily)