အလုပ်တွေကို ပင်ပန်းစွာကြိုးစားလုပ်ကိုင်ပြီး အကြွေစေ့လေးတွေဖြင့် ၅နှစ်ကြာအောင် စုဆောင်းခဲ့ပြီးမှ ဇနီးသည်အတွက် လက်စွပ်နှင့်ဟန်းချိန်းလေးကို ဝယ်ယူပေးခဲ့သည့် အဖိုးအို

ခင်ပွန်းတိုင်းသည် မိမိ၏ဇနီးဖြစ်သူကို ရွှေငွေရတနာများဆင်မြန်းပေးချင်ကြသည်မှာ သဘာဝပင်ဖြစ်ပါတယ်။ထို့ကြောင့် ငွေကြေးဆင်းရဲသူများသည် ဇနီးသည်လေးကို အလှဆုံးထားနိုင်အောင် အလုပ်ကြိုးစားပြီး အပိုငွေလေးတွေကို စုဆောင်းပြီး ဝယ်ယူပေးတတ်ကြပါတယ်။

ယခုတွင်လည်း ထိုင်းနိုင်ငံမှ အဖိုးအိုတစ်ဦးဟာ ဆိုင်ကယ်တက္ကစီဆွဲပြီး မိသားစုကို ရှာဖွေကျွေးမွေးနေသူဖြစ်ပါတယ်။ရရှိလာသည့်ငွေကြေးလေးဖြင့် မိသားစုကိုထောက်ပံ့ပေးရင်း အကြွေစေ့အပိုလေးတွေကို သေချာစွာစုထားခဲ့ပါတယ်။

ထိုသို့စုဆောင်းထားခဲ့ပြီး ၅နှစ်အကြာမှာတော့ အကြွေစေ့အထုပ်ကြီးကို ထမ်းပြီး ဂုဏ်ယူစွာဖြင့် ဇနီးသည်လေးအတွက် ရွှေလက်စွပ်နှင့် ဟန်းချိန်းကို ဝယ်ယူပေးနိုင်ခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment