လက်တစ်ဖက်သာရှိသော အသက်၇၉နှစ်အရွယ်သမီးက အသက်၁၀၃နှစ်အရွယ် အမေအိုကို အလုပ်လုပ်ပြီး ရှာဖွေကျွေးမွေးနေခဲ့သည့် စိတ်မကောင်းဖွယ်ရာအဖြစ်

ထိုင်းနိုင်ငံ အသက်အရွယ်အိုမင်းနေပြီဖြစ်သော သားအမိနှစ်ဦး၏အဖြစ်ကို မြင်တွေ့လိုက်ရသောအခါ အလွန်ဝမ်းနည်းကာ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။အမေအိုဟာ အသက်၁၀၃နှစ်အရွယ်ရှိပြီဖြစ်ကာ သမီးဖြစ်သူကတော့ အသက်၇၉နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။

သမီးဖြစ်သူဟာ လမ်းမပေါ်အမှိုက်ကောက်ထွက်ရင်းက ကားမတော်တဆဖြစ်ပြီး လက်မောင်းတစ်ဖက်ကို ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။လက်တစ်ဖက်ဆုံးရှုံးထားသူဖြစ်သော်လည်း အမေအိုကို လုပ်ကျွေးနိုင်ရန်အတွက် လက်တစ်ဖက်တည်းဖြင့် ရှိသမျှခွန်အားကိုသုံးကာ ကြိုးစားရုန်းကန်နေရရှာပါတယ်။

သားအမိနှစ်ဦးလုံးဟာ အလွန်အိုမင်းနေပြီဖြစ်သော်လည်း လောကဓံ၏ ကြမ်းတမ်းမှုတွေကို ခက်ခဲစွာရင်ဆိုင်ဖြေရှင်းနေပုံဟာ မြင်တော့သူတိုင်းကို ဝမ်းနည်းမျက်ရည်ကျစေမှာ သေချာပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment