အချိန်တွေကြာအောင် ပေါင်းသင်းလာခဲ့ပြီး အိုမင်းလာခဲ့ပြီဖြစ်သော်လည်း ဇနီးသည်လေးအပေါ် အချစ်တွေမလျော့သေးတာကို သက်သေပြချင်လို့ အသက်၆၀ ကျော်မှ နောက်တစ်ကြိမ်လက်ထပ်ခဲ့သည့် အဖိုး

အိမ်ထောင်ပြုပြီးရင် လင်မယားနှစ်ယောက်ရဲ့အချစ်ရေးဟာ နှစ်တွေကြာလာသည်နှင့်အမျှ အေးစက်လာခဲ့ကြတယ်ဟု ထင်မှတ်နေတတ်ကြပါတယ်။ယခုအခါမှာတော့ ဗီယက်နမ်နိုင်ငံမှ အဖိုးနှင့်အဖွားဇနီးမောင်နှံနှစ်ဦး၏ ချစ်ကြည်နူးနေပုံတွေဟာ လူတိုင်းကို အားကျကြည်နူးဖွယ်ရာ ဖြစ်စေခဲ့ပါတယ်။

အချစ်တစ်ခုဖြင့် တည်ဆောင်ထားသော ဖိုးဖိုးနှင့်ဖွားဖွားတို့၏ အိမ်ထောင်ရေးဟာ အချိန်ကြာလာသည်နှင့်အမျှ တစ်ယောက်နှင့်တစ်ယောက် ပိုမိုလေးစားလာခဲ့ကာ အချစ်တွေပိုတိုးလာခဲ့သည်ဟု ဆိုပါတယ်။

ထို့ကြောင့်လည်း အသက်၆၀ ကျော်လာချိန်တွင် တစ်ဦးနှင့်တစ်ဦး၏ အချစ်တွေပိုမိုခိုင်မာလာကြောင်းကို ပြသနိုင်ရန်အတွက် နောက်ထပ်တစ်ကြိမ်မင်္ဂလာပွဲလေးကို ပျော်ရွင်စွာကျင်းပခဲ့ကြပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment