အချိန်၁၁နှစ်လောက် အဖော်ပြုပေးလာခဲ့သည့် အရမ်းချစ်ရသောခွေးကလေးက ရုတ်တရက်သေဆုံးသွားခဲ့သောအခါ စကျင်ကျောက်ဖြင့် ရုပ်ထုပြုလုပ်ကာ အမှတ်တရအဖြစ်ထားရှိခဲ့သည့်အဖိုးအို

လူတစ်ယောက်၏ရင်ထဲတွင် ကိန်းအောင်နေသော ချစ်ခြင်းတရားတို့သည် အလွန်ကြည်နူးချမ်းမြေ့ဖွယ်ရာအတိရှိနေခဲ့ပါတယ်။အိန္ဒိယနိုင်ငံ Tamil Naduတွင်နေထိုင်သော အသက်၈၂နှစ်အရွယ် Mr. Muthuတွင် အရမ်းချစ်ရသော ခွေးလေးတစ်ကောင်ရှိနေခဲ့ပါတယ်။

အဖိုးအိုဟာ အထီးကျန်မှုတွေကို ခွေးကလေးကြောင့် ပျော်ရွင်နှစ်သိမ့်နိုင်ခဲ့ပြီး ၁၁နှစ်ကျော်အတူတူနေထိုင်ခဲ့ကြပါတယ်။သို့သော် လောက၏သဘာဝကို မလွန်ဆန်နိုင်ဘဲ ခွေးကလေးက သေဆုံးသွားခဲ့သောအခါ အဖိုးအိုဟာ အလွန်စိတ်မကောင်းဖြစ်နေခဲ့ရပါတယ်။

ထို့ကြောင့် ခွေးကလေးကို အမြဲတမ်းသတိရနေစေရန်အတွက် နေအိမ်ဝိုင်းထဲတွင် ရုပ်ထုပြုလုပ်ထားခဲ့ပါတယ်။ပန်းပုဆရာတစ်ဦးကို စကျင်ကျောက်ဖြင့်ရုပ်ထုပြုလုပ်စေခဲ့ပြီး စုစုပေါင်း ကုန်ကျငွေ ဒေါ်လာ၁၀၆၂အထိကျသင့်ခဲ့ပါတယ်။

Shoon (Cele Daily)





Shoon (Cele Daily)

  • Leave a Comment