သူများနိုင်ငံလာလည်ပြီး အလှမွေးငါးတွေရာင်းတာကို အအေးရောင်းသည်ဟုထင်ကာ ဝယ်သောက်ခဲ့သည့်အပြင် ထူးဆန်းသည့်အစားအစာများဖြင့် စိတ်ဝင်စားဖို့ကောင်းသည်ဟု ဆိုနေခဲ့သော ကောင်မလေး၏ရယ်စရာအဖြစ်

ကမ္ဘာပေါ်ရှိ နိုင်ငံတစ်ခုနှင့်တစ်ခုတို့သည် မတူညီသော ယဥ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် နေထိုင်မှုပုံစံတွေဟာ များစွာကွဲပြားလျက်ရှိပါတယ်။ထို့ကြောင့်လည်း လူအများစုတို့က သူတစ်ပါးနိုင်ငံ၏ ကွဲပြားသော ယဥ်ကျေးမှုနှင့် နေထိုင်ပုံတို့ကို လေ့လာသိရှိနိုင်ရန် ခရီးသွားလည်ပတ်တတ်ကြပါတယ်။

ထိုသို့လည်ပတ်ကြသည့်အထဲမှ ဥရောပနိုင်ငံသူတစ်ဦး၏ ရယ်စရာကြုံတွေ့လိုက်ရပုံကို ဖော်ပြပေးလိုက်ပါတယ်။ကောင်မလေးဟာ ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိလာချိန်တွင် ဆိုင်ကယ်တစ်စီးဖြင့် အလှမွေးငါလေးတွေရောင်းချနေတာကို ဖျော်ရည်ရောင်းသည်ဟု ထင်မှတ်ခဲ့ပါတယ်။

ထို့ကြောင့် ဝယ်ယူကာသောက်သုံးခဲ့သည့်အပြင် ဗီယက်နမ်နိုင်ငံ၏ အစားအစာတွေဟာ ထူးဆန်းပြီးစိတ်ဝင်စားကြောင်းကို အွန်လိုင်းပေါ်သို့ ဝေမျှပြောဆိုနေခဲ့ခြင်းဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment