စုထားတဲ့ ပိုက်ဆံတွေက အမြဲတမ်းပျောက်နေခဲ့လို့ ကင်မရာတပ်ထားပြီး စောင့်ကြည့်ခဲ့ရာမှ ဇနီးဖြစ်သူက ခင်ပွန်းသည်၏ပိုက်ဆံတွေကို နေ့စဥ်ခိုးပြီး လောင်းကစားလုပ်နေမှန်းသိခဲ့ရ

အိမ်ထောင်ရေးတစ်ခုတွင် ဇနီးနှင့်ခင်ပွန်းတို့နှစ်ဦးသည် အပြန်အလှန်နားလည်မှုစွာဖြင့် ကြိုးစားဆောင်ရွက်နိုင်မှသာ အေးချမ်းဖွယ်ရာ အနာဂတ်အိမ်ကလေးကို ရရှိစေမျာဖြစ်ပါတယ်။တရုတ်နိုင်ငံမှ မစ္စတာKhaungဆိုသည့်အသက်၃၀အရွယ်အမျိုးသားသည် ဇနီးသည်နှင့်အတူ နေအိမ်တစ်လုံးတွင် ငှားရမ်းနေထိုင်လျက်ရှိပါတယ်။

အမျိုးသားဟာ သားသမိးတို့အတွက် ပိုက်ဆံတွေကို ကိုယ်တိုင် စုဆောင်းထားခဲ့တာဖြစ်ပါတယ်။သို့သော် စုထားတဲပိုက်ဆံများဟာ အမြဲပျောက်နေခဲ့ပြီး ဇနီးသည်ကိုမေးရာတွင်လည်း မယူရကြောင်းပြောခဲ့ပါတယ်။ကင်မရာတပ်ထားခဲ့ပြီး စောင့်ကြည့်လိုက်ရာမှာတော့ အခြားသူမဟုတ်ဘဲ ဇနီးသည်ကသာ ခိုးယူနေကြောင်းသိခဲ့ရပါတယ်။

ဇနီးဖြစ်သူဟာပိုက်ဆံတွေခိုးယူပြီး တရုတ်အခေါ် မာကျောက်ဆိုသော လောင်းကစားကိုသွားကစားနေခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ထိုအချိန်မှ ဇနီးဖြစ်သူက အမှားကိုသိပြီး တောင်းပန်နေခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment