မင်္ဂလာပွဲတစ်ခုတွင် ပျော်ရွင်စရာလေးများဖြစ်လာစေရန် သတိုးသားနှင့်သတိုးသမီးတို့ကို စနောက်၍ စေခိုင်းတတ်ကြသည်မှာ ပုံမှန်တစ်ခုလိုပင်ဖြစ်ပါတယ်။တရုတ်နိုင်ငံ Zhejiangပြည်နယ် Hang zhouမြို့မှ သတိုးသားတစ်ဦးကတော့ မင်္ဂလာမဆောင်ခင်မှာ စာမေးပွဲဖြေခဲ့ရပါသေးတယ်။
သတိုးသမီး၏ မိသားစုများက သတိုးသမီးကိုမင်္ဂလာဆောင်ရန်အတွက် ခေါ်ဆောင်မသွားခင် IELTSဆိုသည့် အင်္ဂလိပ်စာကျွမ်းကျင်မှုကို စစ်ဆေးမကဲဖြတ်ခဲ့တာဖြစ်ပါတယ်။ထို့ကြောင့် Grammerပိုင်းကျွမ်းကျင်ရန် အထူးလိုအပ်လှသော စာမေးပွဲလေးကို သတိုးသားအရန်များကလည်း ဝိုင်းဝန်းဖြေဆိုပေးကြရင်း ခေါင်းကိုက်နေကြတော့တာဖြစ်ပါတယ်။
စာမေးပွဲဆိုသည့်အရာကို ငယ်စဥ်တည်းက မုန်းတီးလာခဲ့သည့်အချိန်၌ပင် မိန်းမယူဖို့တောင် စာမေးပွဲဖြေရသည့် သတိုးသားကတော့ အလွန်သနားစရာကောင်းလှပါတယ်။
Shoon (Cele Daily)
Zawgyi
မင်္ဂလာမဆောင်ခင် သတိုးသမီးကိုသွားခေါ်ရာတွင် စာမေးပွဲအောင်မှ ခေါ်ခွင့်ရမည်ဆို၍ သတိုးသားအရန်တွေကို အကူအညီတောင်းပြီးမိန်းမယူရန် စာမေးပွဲဖြေနေရသည့် သတိုးသား၏အဖြစ်
Shoon (Cele Daily)