မိမိတို့အာရှနိုင်ငံများတွင် ဇနီးဖြစ်သူတို့ဟာ နေအိမ်၌အိမ်မှုကိစ္စများကို ကြိုးစားလုပ်ကိုင်ကြရပြီး ခင်ပွန်းဖြစ်သူတို့ကတော့ အပြင်တွင် အလုပ်ကြိုးစားပြီး ပိုက်ဆံရှာဖွေရပါတယ်။ထို့နောက်ရှာဖွေ၍ရသမျှကို အိမ်ရှင်မထံအပ်နှံရပါတယ်။ခင်ပွန်းဖြစ်သူတို့အတွက် အနည်းငယ်သုံးစွဲလိုလျှင်ပင် ဇနီးထံ လက်ဖြန့်၍တောင်းခံရတာဖြစ်ပါတယ်။
ယခုတွင်လည်း အမျိုးသားတစ်ဦးသည် ကလေးထိန်းရင်းမှ ဇနီးသည်စုထားသော စုဗူးထဲက ပိုက်ဆံကို ရအောင်ခိုးယူခဲ့ပါတယ်။စုဗူး၏ပိုက်ဆံထည့်သည့်အပေါက်ကျည်းကျည်းလေးမှ စိတ်ရှည်စွာဖြင့် ပိုက်ဆံကိုထုတ်ယူနိုင်လိုက်တာဖြစ်ပါတယ်။
ထို့ကြောင့် ပိုက်ဆံရလို့ပျော်နေစဥ်အချိန်မှာဘဲ ဇနီးဖြစ်သူက သူ၏လုပ်ရက်ကို ကြည့်နေမှန်းသိလိုက်ရသောအခါ သူခိုးလူမိသလိုဖြစ်ပြီး ရယ်နေခဲ့ပါတော့တယ်။
Shoon (Cele Daily)
Zawgyi
ဇနီးသည်စုဗူးလေး၏ ပိုက်ဆံထည့်သည့်အပေါက်သေးသေးလေးမှ ပိုက်ဆံကို ခဲရာခဲစစ်ထုတ်ယူနိုင်လို့ပျော်နေသည့်အချိန်မှ ဇနီးသည်က မိသွားခဲ့၍ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ခဲ့ရသည့် အမျိုးသား
Shoon (Cele Daily)