အခန်းထဲမှ ကျောင်းသားလေးတစ်ဦးက မိုးခြိမ်းသံကို အလွန်အမင်းကြောက်လန့်နေသဖြင့် ကျောင်းသားကို ပွေ့ချီပြီးစာသင်ပေးနေခဲ့ရသည့် ဆရာလေး

ပညာသင်ကြားရန်အတွက် ကျောင်းသို့စတင်ရောက်ရှိလာကြသော သူငယ်တန်းကလေးများသည် မိဘတို့၏အရိပ်အောက်မှ စတင်ခွဲခွာရသဖြင့် အရာရာကို ကြောက်လန့်စိတ်ရှိနေတတ်ကြပါတယ်။

ထို့ကြောင့်လည်း ဆရာဆရာမတို့သည် တပည့်ငယ်လေးများအပေါ်တွင် မိဘလိုတစ်မျိုး အကိုအမလိုတစ်မျိုး ရိုက်တခါ ချော့တစ်လှည့်ဖြင့် ပညာသင်ကြားပေးနေရခြင်းဖြစ်ပါတယ်။ယခုတွင်လည်း ထိုင်းနိုင်ငံမှ ဆရာတစ်ဦး၏ တပည့်လေးတစ်ဦးအပေါ် ဂရုစိုက်ပုံကြောင့် ကျောင်းသားမိဘများက အလွန်ငဘောကျနေခဲ့ရပါတယ်။

စာသင်ခန်းထဲမှ ကျောင်းသားလေးတစ်ဦးက မိုးခြိမ်းသံကို ကြားလိုက်ရသောအခါ ကြောက်လန့်နေခဲ့ရပါတယ်။ဆရာဖြစ်သူကလည်း တပည့်လေးကို မိဘသဖွယ်ပွေ့ချီပေးထားရင်း စာပေပညာများကို လက်ဆက်သင်ကြားပေးနေခဲ့ခြင်းဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment