တောင်တက်ခရီးထွက်ရာတွင် အိမ်ကခွေးကလေးကို ပင်ပန်းမှာစိုးရိမ်လို့ အမျိုးသားနှစ်ဦးကို ငှားရမ်းပြီး ခွေးလေးကို ထမ်းပြီး တောင်ပေါ်သို့ခေါ်သွားခဲ့သည့်အမျိုးသမီး

မကြာသေးမီအချိန်က အမျိုးသားနှစ်ဦးသည် ခွေးလေးကို ထမ်းစင်လေးဖြင့်ခေါ်ဆောင်သွားနေရသော အကြောင်းအရာကြောင့် ပြောဆိုဝေဖန်မှုတွေ အတော်လေးမြင့်တတ်နေကြပါတယ်။တိရိစ္ဆာန်လေးတွေကို ချစ်ခင်သည်မှာ လက်ခံပေးနိုင်သော်လည်း အချို့သော ကိစ္စတွေဟာ သာမန်ထက်ပိုကဲနေခဲ့ပြီး ဝေဖန်ပြောဆိုချင်စရာဖြစ်နေခဲ့ပါတယ်။

ယခုဖြစ်ရပ်တွင်လည်း ခွေးကလေး၏ပိုင်ရှင်အမျိုးသမီးဟာ တောင်ပေါ်အပန်းဖြေစခန်းသို့ လမ်းလျှောက်သွားမှာဖြစ်ပါတယ်။ထိုအခါ သူ၏ခွေးကလေးက လမ်းလျှောက်ပြီးပင်ပန်းနေမှာကို စိုးရိမ်နေခဲ့ပါတယ်။

ထို့ကြောင့် အမျိုးသားနှစ်ဦးကို ငှားရမ်းပြီး ခွေးကလေးကို ထိုင်ခုံပေါ် အိပ်စက်အနားယူစေကာ ဝါးလုံးနှစ်လုံးဖြင့် ထမ်းစင်ပြုလုပ်ကာ ထမ်းခေါ်ခိုင်းခဲ့ခြင်းဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment