သားသမီးနှင့်မိသားစုဝင်တွေမရှိတော့ဘူးဆိုပေမယ့် စားသောက်ဆိုင် အစားလာစားသည့်အခါတိုင်း မိသားစုဝင်တွေအားလုံးအတွက် မှာယူပေးပြီးမှ စားသောက်ကာ တစ်ဦးတည်းလွမ်းနေရရှာသည့်ဦးလေးကြီး

မိသားစုထမင်းဝိုင်းလေးက လူမစုံတော့သည့်အချိန်တွင် အတော်လေးကို စိတ်မကောင်းဖွယ်ရာကောင်းလှပါတယ်။ထို့အပြင် မိသားစုဝင်တွေမရှိတော့ဘဲ တစ်ယောက်တည်းထမင်းစားရသော စားပွဲဝိုင်းလေးသည် အရသာရှိနေလိမ့်မည်မဟုတ်ပေ။

ယခုတွင်လည်း ဦးလေးကြီးတစ်ဦးဟာ စားသောက်ဆိုင်တွင် လာရောက်စားသောက်စဥ် တစ်ဦးတည်းလာခဲ့ပေမယ့် ၈ယောက်စာအထိ မှာယူနေခဲ့တာဖြစ်ပါတယ်။ထူးခြားသည့်အပြုအမူကြောင့် ဆိုင်ရှင်က မေးမြန်းကြည်ခဲ့ရာမှာတော့ သူ၏မိသားစုဝင်တွေအတွက် မှာယူပေးခဲ့ခြင်းဖြစ်ပြီး သားသမီးတို့ကလည်း မိဘတို့၏အဝေးကို ထွက်သွားခဲ့ခြင်းကြောင့် လွမ်းနေရရှာပါတယ်။

အထီးကျန်ဆန်လှသော ခံစားချက်သည် အားငယ်သိမ်ငယ်စိတ်ကိုဖြစ်ပေါ်စေပြီး အမြဲတမ်းဝမ်းနည်းနေရသည့် အဖြစ်မျိုးကို ကြုံဖူးသူတိုင်းသာ သိရှိနားလည်နိုင်မှာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment