အလုပ်လုပ်မယ်ဆိုပြီး အိမ်မှထွက်သွားကာ ပြန်မလာတော့သည့် သားကို ရောဂါအသည်းအသန်ဖြစ်ပြီး နောက်ဆုံးအချိန်ရောက်နေသည့် မိခင်နှင့်တွေ့နိုင်ရန် လိုက်ရှာပေးနေသည့် ဖခင်

ကျန်းမာရေးမကောင်းဘဲ အိပ်ရာထဲလှဲနေရသူများသည် မိမိ၏ချစ်ရသောသူများကို လွမ်းဆွတ်သတိရနေတတ်ကြပါတယ်။ယခုတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပေါ်တွင် မျက်စိလည်ကာ ဘယ်သွားလို့သွားရမှန်းမသိဖြစ်နေရှာသည့် အဖိုးအိုတစ်ဦးကို အကူအညီပေးနိုင်ရန် မေးမြန်းကြည့်မိခဲ့ပါတယ်။

ထိုအခါ အဖိုးအိုဟာ သူ၏သားဖြစ်သူက နေအိမ်မှထွက်ခွာသွားပြီး အိမ်ပြန်မလာတော့တာဖြစ်ပါတယ်။စားသောက်ဆိုင်တစ်ခုတွင် အလုပ်လုပ်နေသည်ဟုသာ သတင်းကြားနေခဲ့ရပါတယ်။ယခုအခါ သား၏မိခင်က ကျန်းမာရေးဆိုးရွားနေတာကြောင့် အမြန်ဆုံးတွေ့နိုင်ရန် တစ်ခါမှမရောက်ဖူးသည့် မြို့ပေါ်သို့ တက်လာခြင်းဖြစ်ကြောင်း သိခဲ့ရပါတယ်။

ထို့နောက် သားလေးကို အမြန်ဆုံးတွေ့နိုင်ရန် ကူညီပေးစေလိုကြောင်း တောင်းဆိုနေခဲ့တယ်ဟုသိရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment