တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှ လက်ဆောင်မပေးဖူးသည့်ခင်ပွန်းလေးထံမှ ပန်းစီးလေးလက်ဆောင်ရခဲ့သောအခါ အလုပ်လုပ်သည့်အချိန်မှာတောင် ပန်းစီးကို လက်ကမချခဲ့သည့်အမျိုးသမီး

တစ်ခါတစ်ရံတွင် အမျိုးသားတို့သည် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေရင်းက နေအိမ်မှ ပါရမီဖြည့်ဖက်လေးကို ဂရုမစိုက်ဘဲ မေ့နေတတ်ကြပါတယ်။မိမိ၏ဘဝလက်တွဲဖော်ကို အသေးအဖွဲလေးဖြစ်သော်လည်း ချစ်ကြောင်းပြသသည့်အနေဖြင့် ဂရုစိုက်ပေးသင့်ပါတယ်။

ယခုတွင်လည်း အမျိုးသမီးတစ်ဦး၏ ခင်ပွန်းသည်က ပေးလိုက်သော လက်ဆောက်လေးကို အမြတ်တနိုးတန်ဖိုးထားပုံသည် အလွန်ကြည်နူးဖွယ်ရာ ကောင်းနေခဲ့ပါတယ်။ခင်ပွန်းဖြစ်သူက ပန်းစီးလေးကို လက်ဆောင်ပေးခဲ့သောအခါ အလွန်သဘောကျနေခဲ့ပြီး အိမ်အလုပ်လုပ်နေသည့်အချိန်တွင်ပင် လက်ကမချဘဲ ကိုင်ထားခဲ့ပါတယ်။

ပန်းကန်ဆေးလည်း ပန်းစီးကိုင်ပြီး လုပ်နေသည့်အပြင် အဝတ်လျှော်ခြင်း၊တံမြက်စည်းလှဲသည့်အချိန်၌ပင် လက်ကမချနိုင်အောင် ဖြစ်နေခဲ့ရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment