သူငယ်တန်းတက်နေသည့် ၅နှစ်အရွယ်ညီမလေးက ပညာကောင်းကောင်းသင်ကြားနိုင်ရန်အတွက် စင်ဘီးလေးဖြင့် မုန့်လိုက်ရောင်းကာ ပိုက်ဆံရှာနေသည့် ၈နှစ်အရွယ် အကို၏စေတနာ

အကိုအမတို့ကို ပိုင်ဆိုင်ထားရသူများသည် ဒုတိယမိဘတို့ကို ပိုင်ဆိုင်ထားရသည်နှင့် အတူတူပင်ဖြစ်ပေသည်။မိဘတို့မအားလပ်သည့်အချိန်များတွင် ညီငယ်ညီမငယ်တို့ကို အကိုအမတို့က ရင်ဝယ်ပိုက်ကာ စောင့်ရှောက်ပေးခဲ့ကြခြင်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှ အသက်၈နှစ်အရွယ်ကလေး၏ ညီမဖြစ်သူအပေါ် ချစ်ခြင်းမေတ္တာဖြင့် စောင့်ရှောက်ပုံတွေဟာ မြင်တွေ့သူတိုင်းကို မျက်ရည်ကျသည်အထိ ဖြစ်စေခဲ့ရပါတယ်။လူ့လောကအကြောင်းကို ဘာတစ်ခုမှ မသိသေးသည့် ၈နှစ်အရွယ်ကလေးဟာ ညီမလေးပညာသင်ကြားနိုင်ရန်အတွက် ဈေးရောင်းနေခဲ့ခြင်းဖြစ်ပါတယ်။

စက်ဘီးလေးတစ်စီးဖြင့် မြို့အနှံလျှောက်သွားကာ အရွယ်နှင့်မလိုက်အောင် ကြိုးစားရုန်းကန်နေရပြီး အသက်၅နှစ်အရွယ်ညီမလေးကို ပညာတတ်ဖြစ်စေချင်သည့် အကိုတစ်ဦး၏စေတနာကို မြင်တွေ့ခဲ့ရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment