သန်းခေါင်ယံအချိန်၌ပင် လမ်းဘေးတစ်လျှောက် စားသောက်ဆိုင်များမှ ပုလင်းခွံလေးတွေလိုက်ကောက်ပြီး ပိုက်ဆံရှာနေရသည့် အသက်၆နှစ်အရွယ်သမီးငယ်လေး

ညသန်ခေါင်ယံအချိန်မဆိုထားနှင့် ညနေအချိန်နေဝင်ပြီဆိုသည်နှင့် မိဘများက မိမိတို့၏သားသမီးတို့ကို နေအိမ်၌သာ ရှိနေစေချင်ကြပါတယ်။ယခုအခါမှာတော့ အသက်၅နှစ်အရွယ်မျှသာရှိသေးသည့် မိန်းကလေးငယ်သည် ညသန်ခေါင်ယံ ၁၁နာရီခန့်အချိန်တွင် လမ်းပေါ်၌ အမှိုက်များကို လိုက်ကောက်နေခဲ့ပါတယ်။

ကလေးမလေးသည် စားသောက်ဆိုင်တစ်ဝှိက်ရှိ လူကြီးများ၏သောက်ပြီးသော ဗူးခွံပုလင်းခွံတွေကို ကောက်ကူနေခဲ့ခြင်းဖြစ်ပါတယ်။အမှန်တကယ်တွင် ကလေးငယ်လေးသည် ညအချိန်တွင် ကောင်းမွန်စွာအိပ်စက်အနားယူပြီး နောက်နေ့မနက်တွင် ပညာသင်ကျောင်းတော်ကြီးသို့ သွားရောက်ရန် ပြင်ဆင်ရမှာဖြစ်ပါတယ်။

သို့သော် ဘဝ၏အခြေအနေကြောင့် ညနက်အချိန်တွင် အရွယ်နှင့်မလိုက်အောင် ခက်ခဲပင်ပန်းလှသည့် လူတိုင်းမလုပ်ချင်သောအလုပ်ကို သိမ်ငယ်စွာလုပ်ကိုင်နေခဲ့ခြင်းဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment