စျေးရောင်းစထွက်ပြီဆိုတာနဲ့ အရင်ဦးစွာ အလကားလာတောင်းစားသည့် ဖောက်သည်ခွေးလေးသုံးကောင်ကို ရေခဲမုန့်အရင်ကျွေးပြီးမှ စျေးဆက်ရောင်းလေ့ရှိသည့်အမျိုးသား
အွန်လိုင်းတစ်ခွင်တွင် အင်တနက်သုံးစွဲသူများ၏ စိတ်ဝင်စားမှုကို ရရှိနေသော အမျိုးသား၏အကြောင်းကို ဖော်ပြထားပါတယ်။အမျိုးသားဟာ ထိုင်းနိုင်ငံတွင်နေထိုင်သူဖြစ်ပြီး ရေခဲမုန့်နှင့်အအေးမျိုးစုံကို ဆိုင်ကယ်တွဲလေးဖြင့် လိုက်လံရောင်းချနေသူဖြစ်ပါတယ်။
သူဟာ စျေးရောင်းထွက်ပြီဆိုတာနှင့် နေ့စဥ်နေ့တိုင်း အလကားကျွေးပြီး ကုသိုလ်ပြုရသည့်အလုပ်လည်းရှိနေပါသေးတယ်။အကြောင်းကတော့ လမ်းဘေးခွေးလေးသုံးကောင်ဟာ အမြဲတမ်းရေခဲမုန့်ကို လာရောက်တောင်းစားတတ်ကြတာဖြစ်ပါတယ်။
အမျိုးသားကလည်း စေတနာမပျက်ဘဲ ရေခဲမုန့်လေးတွေကျွေးပြီး ကုသိုလ်ရရှိနေခဲ့တာဖြစ်ပါတယ်။ခွေးကလေးများအပေါ်တွင် ကိုယ်ချင်းစာတရားဖြင့် မေတ္တာထားကာ ကျွေးနိုင်သည့်အမျိုးသားသည် လူတိုင်း၏ ချီးကျူးမှုကို အထူးရရှိနေခဲ့ပါတယ်။
Shoon (Cele Daily)
Zawgyi
ဈေးရောင်းစထွက်ပြီဆိုတာနဲ့ အရင်ဦးစွာ အလကားလာတောင်းစားသည့် ဖောက်သည်ခွေးလေးသုံးကောင်ကို ရေခဲမုန့်အရင်ကျွေးပြီးမှ ဈေးဆက်ရောင်းလေ့ရှိသည့်အမျိုးသား
Shoon (Cele Daily)
  • Leave a Comment