တက္ကသိုလ်၏အချောဆုံးအလှဆုံးဆိုသော ကောင်မလေးကို လက်ထပ်ယူခဲ့ပြီးနောက် အစစအရာရာဂရုစိုက်ကာ စားချင်တာတွေဝယ်ကျွေးပြီး အဝလွန်လာခဲ့သော်လည်း အချစ်မပျက်ခဲ့သည့်အမျိုးသား

ယခုအကြောင်းအရာကို မြင်တွေ့လိုက်ရသည်နှင့် မိန်းကလေးတိုင်းသည် တရုတ်နိုင်ငံမှ ကောင်မလေးး ခင်ပွန်းဖြစ်သူကဲ့သို့သော အမျိုးသားများကို လိုချင်နေမိမှာသေချာပါတယ်။Chen Wanzhiဆိုသည့်ကောင်မလေးဟာ တက္ကသိုလ်တွင် အချောအလှအဆုံးဖြစ်ကာ လူတိုင်း၏ပိုးပန်းခြင်းကိုခံခဲ့ရသူဖြစ်ပါတယ်။

ထို့နောက်မှ Hu Jian Guoဆိုသည့်အမျိုးသားနှင့် ချစ်ကြိုက်ခဲ့ပြီး လက်ထပ်ယူခဲ့ကြတာဖြစ်ပါတယ်။လက်ထပ်ပြီးသည်နှင့် အမျိုးသားဟာ ဇနီးဖြစ်သူကို သာမန်ထက်ပိုဂရုစိုက်ကာ စားချင်သည့်အစားအစာတွေကို အမြဲတမ်းဝယ်ကျွေးလေ့ရှိတာဖြစ်ပါတယ်။

နေအိမ်တွင်လည်း အလုပ်လုပ်စရာမလိုဘဲ စားသောက်နေခြင်းကြောင့် ကောင်မလေးဟာ တဖြည်းဖြည်းနှင့် အဝလွန်လာခဲ့ပါတယ်။အဝလွန်ကာ ရုပ်ရည်ချောမောမှုတွေ မရှိတော့ပေမယ့် ခင်ပွန်းဖြစ်သူကတော့ အချစ်မပျက်ခဲ့ဘူးဟု သိရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment