မြို့ပေါ်တွင်အလုပ်လုပ်ရန် မိသားစုလိုက် တက်လာခဲ့ပြီးမှ ခင်ပွန်းဖြစ်သူက ကွာရှင်းကာထားခဲ့လို့ သားသမီး၃ယောက်နှင့်အတူ လမ်းဘေးတွင် အိပ်နေခဲ့ရသည့်အမျိုးသမီး

ကံကြမ္မာ၏ရက်စက်မှုတို့သည် အလွန်အံ့သြဖွယ်ရာကောင်းလှပြီး သားသမီးတို့နှင့် ပျော်ရွင်နေရသော မိသားစုလေးဟာလည်း ရုတ်တရက်ပျက်စီးသွား​သော မြင်ကွင်းလေးသည် အလွန်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

ဗီယက်နမ်နိုင်ငံ ဟိုချီမြို့၏ လမ်းဘေးတွင် သားသမီး၃ယောက်ဖြင့် အိပ်နေရသော မိခင်တစ်ဦး၏အဖြစ်ကို လူတိုင်းက သတိထားမိခဲ့သောကြောင့် အခြေအနေကို စုံးစမ်းခဲ့ပါတယ်။ထိုအခါမှ အမျိုးသမီးဟာ ခင်ပွန်းနှင့်အတူ ရွာ မိသားစုလိုက် ပြောင်းရွေ့လာကာ မြို့ပေါ်တွင် ဝင်ငွေရှာရန်ဟု ကြားသိခဲ့ရပါတယ်။

သို့သော်လည်း ခင်ပွန်းနှင့် စကားများခဲ့ရာမှ စပြီး လင်မယားနှစ်ယောက်ကွာရှင်းသည်အထိ ဖြစ်လာခဲ့ပါတယ်။ထို့နောက် အမျိုးသမီးက သားသမီး၃ယောက်နှင့်ကျန်ခဲ့ပြီး အိမ်ငှားစရာ ငွေကြေးမရှိသောကြောင့် လမ်းပေါ်ရောက်နေရခြင်းဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment