သမီးဖြစ်သူက အသက်၄၅နှစ်ကျော်နေပြီဖြစ်သော်လည်း ဘာအလုပ်မှမလုပ်သည့်အတွက် ထမင်းတစ်နပ်စားရဖို့ နေ့ရောညပါ ထီရောင်းနေခဲ့ရသည့် အသက်၈၀အရွယ်အဖွားအို

ကမ္ဘာကြီးပေါ်တွင် ရှင်သန်နိုင်ရန်အတွက် ခက်ခဲသောအခြေအနေများကြောင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများတွင် အဆင်မပြေသူများလည်း ကြုံတွေ့ရပေသည်။ထိုအထဲမှ မိဘများသည် မိသားစုတစ်ခုလုံး၏ စားဝတ်နေရေးအတွက် မညည်းမညူဘဲ နေ့ရောညပါ အလုပ်လုပ်ကာ အပင်ပန်းခံနေကြရသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၏ နေရာအနှံသို့ လျှောက်သွားရင်း ထီလက်မှတ်ရောင်းနေသူ အသက်၈၀အရွယ်အဖွားအိုတစ်ဦးကို မြင်တွေ့ခဲ့ရသည်။အဖွားအိုဟာ အသက်အရွယ်အားဖြင့် အေးချမ်းစွာအနားယူသင့်ပြီးဖြစ်သော်လည်း သားသမီးတို့၏ မသိတတ်မှုကြောင့် ရုန်းကန်နေရတာဖြစ်ပါတယ်။

အဖွားအိုတွင် အသက်၄၅နှစ်အရွယ် သမီးတစ်ယောက်ရှိသော်လည်း ဘာအလုပ်မှမလုပ်နေအိမ်တွင် ဒီအတိုင်းနေနေတာကြောင့် မိခင်ဖြစ်သူက ပင်ပန်းစွာဖြင့် အလုပ်လုပ်နေရခြင်းဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment