အရမ်းချစ်ရတဲ့ကြောင်လေး သေဆုံးသွားခဲ့တာကို လက်မခံနိုင်ဘဲ သူမ၏အနားမှာအမြဲတမ်းခေါ်ထားချင်လို့ ကြောင်၏ခန္ဓာကိုယ်ကို မပျက်စီးအောင် ဒေါ်လာ၅၀၀၀ အကုန်အကျခံကာ ဆေးရည်စိမ်ထားခဲ့
လူသားတို့သည်အလွန်သံယောဇဥ်ကြီးကြသည်ဆိုသောစကားကို လူတိုင်းကလက်ခံကြပေလိမ့်မည်။ထို့အတူ မိန်းကလေးများသည် တရိစ္ဆာန်လေးတွေကို အလွန်ချစ်တတ်ကြပြီး ယောကျာ်းလေးများထပ်ပင် သံယောဇဥ်တွယ်မိတတ်ကြပါတယ်။
စကော့တလန်နိုင်ငံ Ayrshireတွင်နေထိုင်သော အသက်၂၈နှစ်အရွယ် Harriet Peaceဆိုသည့်အမျိုးသမီးသည် သူမ၏နေအိမ်တွင် ရွှေဝါရောင် ကြောင်လေးတစ်ကောင်ကို မွေးထားခဲ့ပါတယ်။ကြောင်လေးကို အရမ်းဂရုစိုက် ချစ်ခဲ့ပြီး တစ်နေ့မှာတော့ ကြောင်ကလေးက ရုတ်တရက်သေဆုံးသွားခဲ့ပါတယ်။
ကြောင်လေးသေဆုံးသွားခဲ့သည်ကို သူမက လက်မခံနိုင်အောင်ဖြစ်နေပြီး အနားမှာခေါ်ထားချင်ခဲ့သေးတာဖြစ်ပါတယ်။ထို့ကြောင့် ကြောင်လေး၏ခန္ဓာကိုယ်ကို မပျက်စီးသွားစေရန်အတွက် ဆေးရည်တစ်မျိုးဖြင့် လိမ်းပေးထားခဲ့ပါတယ်။ထိုဆေးရည်လေးဟာလည်း အလွန်စျေးကြီးပြီး တစ်လလျှင် ဒေါ်လာ၅၀၀၀အထိကို ကုန်ကျနေခဲ့တယ်ဟု သိရပါတယ်။
Shoon (Cele Daily)
Zawgyi
Shoon (Cele Daily)
  • Leave a Comment