လင်မယားနှစ်ယောက် စကားများပြီး ဇနီးဖြစ်သူက အိမ်ပေါ်ကဆင်းသွားလို့ နေစရာမရှိဖြစ်နေမှာ စိုးရိမ်ပြီး သမီးလေးနှင့်အတူသွားရှာခဲ့ရာ ဇနီးသည်က အခြားယောကျာ်းနှင့်လျှောက်လည်နေတာကို တွေ့ခဲ့ရသည့် အမျိုးသား

အိမ်ထောင်ရှင်ဘဝသည် ချစ်သူစုံတွဲဘဝနှင့်မတူဘဲ သစ္စာတရားကို လက်ကိုင်ထားပြီးနားလည်မှုရှိစွာ ဖြတ်သန်းနိုင်မှသာလျှင် ပျော်ရွင်သောမိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။မကြာသေးမီက အိန္ဒိယနိုင်ငံ Uttar Pradeshပြည်နယ်ရှိ အကြင်လင်မယားနှစ်ဦးသည် လက်ထပ်ယူခဲ့သည်မှာ ၈နှစ်တိုင် ကြာမြင့်ခဲ့ပြီဖြစ်ကာ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

တစ်နေ့တွင် လင်မယားနှစ်ယောက်စကားများရာမှ ဇနီးဖြစ်သူက စိတ်ဆိုးကာနေအိမ်မှထွက်သွားခဲ့ပါတယ်။ထိုအခါခင်ပွန်းဖြစ်သူက ဇနီးသည်ဒုက္ခရောက်နေမျာစိုးရိမ်ပြီး သမီးနှင့်အတူ လိုက်ရှာခဲ့ကြပါတယ်။

ထိုအခါ ကားလမ်းပေါ်တွင် ဇနီးဖြစ်သူက အခြားအမျိုးသားတစ်ဦးနှင့်အတူ ဆိုင်ကယ်စီးပြီး လည်ပတ်နေတာကို မထင်မှတ်ဘဲတွေ့ခဲ့ရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment