တုန်ရီစွာဖြင့်လမ်းလျှောက်ရင်း လမ်းဘေးတွင် အမှိုက်လေးတွေလိုက်ကောက်ပြီး ထမင်းနှင့်လဲစားနေသော အသက်၈၀အရွယ်အဖွားအိုကို ကူညီပေးခဲ့သည့် မိန်းမချောလေး

ဆင်းရဲချို့တဲ့သူများအတွင် အဆင်ပြေခြင်းသောအရာတွေကို ဘာလဲလို့မေးယူရမည့်အထိပင် လောကကြီး၏ မတရားမှုတွေကို စိတ်နာမိပါတယ်။ငွေကြေးချမ်းသာသူများအတွက် အရာရာကို ပျော်ရွင်ချမ်းမြေ့စွာ လုပ်ဆောင်နိုင်သော်လည်း ဆင်းရဲသူများအတွက်တော့ ထမင်းတစ်နပ်စားရဖို့အတွက်ပင် ပူပင်နေကြရတာဖြစ်ပါတယ်။

ယခုတွင်လည်း အသက်၈၀အရွယ်အဖွားအိုသည် လမ်းပင်ကောင်းကောင်းမလျှောက်နိုင်သော်လည်း ထမင်းတစ်နပ်စားရရန်အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏လမ်းတွေပေါ်မှာ ဗူးခွံလေးတွေကို လိုက်ကောက်နေခဲ့ရပါတယ်။

ထို့နောက်ဗူးခွံနှင့်ထမင်းကို လဲလှယ်ပြီး အစားစားရဖို့အတွက် ရုန်းကန်နေခဲ့ရပါတယ်။ထိုမြင်ကွင်းကို ကြည့်မနေနိုင်သော Supitcha Koklangdonဆိုသည်အကောင့်ပိုင်ရှင်ကောင်မလေးက သွားရောက်ကူညီပေးခဲ့ပါတယ်။ကောင်မလေးဟာလည်း သူမတတ်နိုင်သည့်ငွေကြေးလေးဖြင့် အဖွားအိုကို စားစရာတွေ ဝယ်ယူပေးခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment