အသက်၆၀အရွယ်သားဖြစ်သူကို စိတ်မချလို့ ညစဥ်ညတိုင်းကိုယ်တိုင်လိုက်ကာ ဟန်ဘာဂါလေးတွေ ရောင်းချနေခဲ့သည့် အသက်၈၃နှစ်အရွယ်အမေအို၏ချစ်ခြင်းမေတ္တာ

သားသမီးတို့သည် မည်မျှပင်အသက်တွေကြီးနေပါစေ မိဘတို့၏မျက်စိထဲတွင် လူမမယ်ကလေးလေးဟုသာ ထင်မြင်နေတတ်ကြပါတယ်။ထို့ကြောင့်လည်း အချို့သားသမီးလေးတို့သည် မိဘတို့၏ စိတ်မချဖြစ်နေမှုတို့ကို မကျေမနပ်ဖြစ်နေကြတတ်ပါတယ်။

ယခုတွင်လည်း အသက်၈၃နှစ်ရှိနေပြီဖြစ်သော အမေအိုသည် သားနှင့်အတူ ညစဥ်ညတိုင်းစျေးရောင်းထွက်နေဆဲဖြစ်ပါတယ်။အမှန်ဆိုလျှင် သားဖြစ်သူက အသက်၆၀အရွယ်ရှိနေပြီဖြစ်ကာ စိတ်ချစွာဖြင့် တစ်ယောက်တည်းရောင်းခိုင်နိုင်သော်လည်း မိဘတို့သည်က သားသမီးတို့ကို ဘယ်သောအခါမှ စိတ်မချပေ။

ထို့ကြောင့် အမေအိုသည် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော်လည်း ညတိုင်းအပင်ပန်းခံကာ စျေးရောင်းထွက်နေဆဲဖြစ်ပါတယ်။အမေအိုနှင့်သားဖြစ်သူတို့သည် စျေးရောင်းသည့်ဝင်ငွေလေးဖြင့် အိမ်ငှားနေထိုင်ရပြီး အလွန်ပင်ပန်းဆင်းရဲစွာဖြင့် ဘဝကို ဖြတ်သန်းနေကြရပါတယ်။

Shoon (Cele Daily)

Zawgyi

အသက္၆၀အ႐ြယ္သားျဖစ္သူကို စိတ္မခ်လို႔ ညစဥ္ညတိုင္းကိုယ္တိုင္လိုက္ကာ ဟန္ဘာဂါေလးေတြ ေရာင္းခ်ေနခဲ့သည့္ အသက္၈၃ႏွစ္အ႐ြယ္အေမအို၏ခ်စ္ျခင္းေမတၱ

သားသမီးတို႔သည္ မည္မွ်ပင္အသက္ေတြႀကီးေနပါေစ မိဘတို႔၏မ်က္စိထဲတြင္ လူမမယ္ကေလးေလးဟုသာ ထင္ျမင္ေနတတ္ၾကပါတယ္။ထို႔ေၾကာင့္လည္း အခ်ိဳ႕သားသမီးေလးတို႔သည္ မိဘတို႔၏ စိတ္မခ်ျဖစ္ေနမႈတို႔ကို မေက်မနပ္ျဖစ္ေနၾကတတ္ပါတယ္။

ယခုတြင္လည္း အသက္၈၃ႏွစ္ရွိေနၿပီျဖစ္ေသာ အေမအိုသည္ သားႏွင့္အတူ ညစဥ္ညတိုင္းေစ်းေရာင္းထြက္ေနဆဲျဖစ္ပါတယ္။အမွန္ဆိုလွ်င္ သားျဖစ္သူက အသက္၆၀အ႐ြယ္ရွိေနၿပီျဖစ္ကာ စိတ္ခ်စြာျဖင့္ တစ္ေယာက္တည္းေရာင္းခိုင္ႏိုင္ေသာ္လည္း မိဘတို႔သည္က သားသမီးတို႔ကို ဘယ္ေသာအခါမွ စိတ္မခ်ေပ။

ထို႔ေၾကာင့္ အေမအိုသည္ အသက္အ႐ြယ္ႀကီးရင့္ေနၿပီျဖစ္ေသာ္လည္း ညတိုင္းအပင္ပန္းခံကာ ေစ်းေရာင္းထြက္ေနဆဲျဖစ္ပါတယ္။အေမအိုႏွင့္သားျဖစ္သူတို႔သည္ ေစ်းေရာင္းသည့္ဝင္ေငြေလးျဖင့္ အိမ္ငွားေနထိုင္ရၿပီး အလြန္ပင္ပန္းဆင္းရဲစြာျဖင့္ ဘဝကို ျဖတ္သန္းေနၾကရပါတယ္။

Shoon (Cele Daily)

  • Leave a Comment