လူသားတို့၏ဘဝကတော့ တန်းတူညီမျှ အဆင်ပြေနေကြသည်မဟုတ်ဘဲ အချို့က ပင်ပန်းဆင်းရဲလွန်းလှသော်လည်း အချို့ကတော့ စားစရာအတွက် ပူပန်စရာမလိုဘဲ အဆင်ပြေစွာနေထိုင်နိုင်ကြသည်။
အဆင့်အတန်းကွာခြားနေသော်လည်း ဆရာဆရာမတို့သည် တပည့်များကို အဆင့်အတန်းမခွဲခြားဘဲ အားလုံးကို သားသမီးအရင်းပမာ ဆက်ဆံကြပါတယ်။ယခုတွင်လည်း သူငယ်တန်းကျောင်းသားလေးတစ်ဦးသည် မိဘတို့၏အဆင်မပြေသောအခြေအနေကြောင့် ကျောင်းလာတိုင်း အခြားသူငယ်ချင်းတွေလို စားစရာအပြည့်အစုံမပါလာခဲ့ပေ။
ထို့ကြောင့် ကလေးဟာ လူမရှိသည့်နေရာတွင် ရေဗူးလေးကိုယူသွားကာ တစ်ယောက်တည်း သွားထိုင်စားနေတတ်ပါတယ်။ဆရာမဖြစ်သူကလည်း တပည့်လေး၏အခြေအနေကို အွန်လိုင်းမှတစ်ဆင့် မျှဝေခဲ့ပြီး အလှူငွေများစွာကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။
Shoon (Cele Daily)
ဘာဟင်းမှမပါတာကြောင့် သူငယ်ချင်းများနဲ့အတူတူမစားဘဲ လူမရှိတဲ့ ထောင့်လေးတစ်နေရာမှာ တစ်ယောက်တည်း အစားသွားစားနေရှာသည့် သူငယ်တန်းကျောင်းသားလေး
Shoon (Cele Daily)