အခန်းခလည်းလာမပေး အဆက်အသွယ်လည်းမရတာကြောင့် သွားကြည့်ခဲ့ရာမှ အခန်းတစ်ခုလုံးကို အမှိုက်တွေပြည့်နေပြီး အပေါ့သွားရာတွင် အိမ်သာမသွားဘဲ ရေသန့်ဗူးများထဲ၌သာ ဆီးသွားထားသည့်အိမ်ငှားအမျိုးသမီး

လူသားအချို့သည် သူတစ်ပါး၏နေအိမ်ကို ငှားရမ်းနေထိုင်ကြသည့်အခါတွင် အခကြေးငွေပေးပြီး နေထိုင်ရသည်ဆိုကာ စည်းကမ်းမရှိဘဲ ဖြစ်သလိုနေထိုင်တတ်ကြပါတယ်။ယခုတွင်လည်း တရုတ်နိုင်ငံ Jiangsuပြည်နယ် Suzhouတွင် အိမ်ခန်းငှားပိုင်ရှင် မစ္စ Truongသည် အိမ်ငှားတစ်ဦးက လခတွေလုံးဝလာမပေးသည့်အပြင် အဆက်အသွယ်လည်းမရသောကြောင့် နေအိမ်တိုက်ခန်းအထိလိုက်သွားခဲ့ပါတယ်။

ထိုအခါတွင် မယုံနိုင်ဖွယ်ရာကောင်းလှသော မြင်ကွင်းကိုမြင်တွေလိုက်ရပါတယ်။အခန်းတစ်ခုလုံးက ညစ်ပတ်နေခဲ့ပြီး ဆီးအပြည့်ထည့်ထားသော ရေဗူး၅၀ ကျော်ကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

အိမ်ခန်းငှားအမျိုးသမီးဟာ အတော်လေးအပျင်းထူပုံရပြီး အပေါ့သွားရာတွင် အိမ်သာထိမသွားဘဲ အခန်းထဲ၌ပင် ရေသန့်ဗူးများထဲသို့ ဆီးသွားထားခဲ့ခြင်းဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment